စစ်ကိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမတွေ ခေါ်ယူနေ

Author ခေတ်နီ
Categories
Published on Aug 31, 2022

စစ်ကိုင်းတိုင်းအတွင်းမှာ ဖွင့်လှစ်ထားသည့် ပြည်သူ့ပညာရေး အခြေခံကျောင်းများအတွက် စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများကို ခေါ်ယူလျှက်ရှိနေတယ်လို့ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ယမန်နေ့မှာ အသိပေးထုတ်ပြန်ထားသည်။ 

စစ်ကိုင်းတိုင်းအတွင်းတွင် ဖွင့်လှစ်ထားသော ပြည်သူ့ပညာရေး အခြေခံကျောင်းများအတွက် စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများအား လိုအပ်နေပြီး တော်လှန်ရေးကာလအတွင်း ကလေးငယ်များ၏ ပညာရေးကို ဖြည့်ဆည်းပေးလိုသည့် ဆရာ၊ဆရာမများအနေဖြင့် မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ်အလိုက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း တစ်နေရာတွင် မိမိတို့ကျွမ်းကျင်သည့် ဘာသာရပ်များကို ပညာသင်ကြားပို့ချပေးရမှာ ဖြစ်တယ်လို့ သိရသည်။

 ထိုစေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများ၏ စားသောက်ရေးနှင့် နေရာထိုင်ခင်းကို စီစဉ်ပေးနိုင်ပြီး လုံခြုံရေးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တာဝန်ယူမှာဖြစ်တယ်လို့လဲ ထုတ်ပြန်ချက်မှာပါရှိသည်။ 

စိတ်ပါဝင်စားပြီးလျှောက်ထားလိုသည့် ဆရာ၊ဆရာမများအနေဖြင့်ဒို့အသံ page Messenger တွင် အမည်နှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်တို့ကို ပေးပို့လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာကျောင်းတာဝန်ခံများမှ ပြန်လည်ဆက်သွယ်မည်ဖြစ်ကြောင်း သိရသည်။