ငါန်းဇွန်မြို့နယ်တွင် စစ်ကားနှစ် စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး

Author မင်းထက်
Categories
Published on Jan 31, 2024

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းကျေးရွာနှင့် နတ်ကြီးကျေးရွာကြားတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက CJ Platform သို့ ပြောသည်။

 

ဇန်နဝါရီလ ၂၅ရက်နေ့ ညနေ ၆နာရီအချိန်ခန့်တွင် မန္တလေးတိုင်း ငါန်းဇွန်မြိုနယ် မရိုးကုန်းကျေးရွာမှ နတ်ကြီးသို့ပြန်ရာ လမ်းတစ်နေရာတွင် စစ်ကောင်စီ ကား၂စီးအား ပဒေသာ၅လုံးပွိင့် ၂ပွိင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊  ကားတစ်စီးထိမှန်ခဲ့ ပြီး ထိုးရပ်သွားကာ ကျန်ကားတစ်စီးပေါ်မှ စစ်ကောင်စီတပ်သားများ ဆင်းလာပြီး လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်နေချိန်တွင် နောက်ထပ် ပဒေသာမိုင်း ၅ လုံးဖြင့် ထပ် မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း နေရာမှာပင် ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ကားတွေ မဟုတ်ဘူး။ အဖွဲ့တွေက ငါန်းဇွန်ဘက်ကို ခရီးသွားကြတာကို မြင်ပြီး ကား ၂ စီးနဲ့လိုက်လာတာ၊ ဘယ်ကကောင်တွေမှန်းကို မသိတာ လိုက်လာတာက နတ်ကြီးကနေ မရိုးကုန်းအထိလိုက်လာတာ၊ အင်အားက ၄၀ လောက်ရှိတယ်၊ မရိုးကုန်းကနေ နတ်ကြီးအပြန်မှာ စောင့်ပြီး မိုင်းခွဲ လိုက်တာ ၊ အလောင်းတွေ ညခင်းတောင် လာမကောက်နိုင်ကြဘူး ၊ မနက်ကောက်မှ အင်အားနဲ့လာကောက်သွားကြတာ။ အလောင်းတွေတော့ ပိုးလို့ပက်လက်လန်နေတာပဲ အများကြီး” ဟု ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ပြောသည်။

 

ယင်း တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင် အမှတ် ၆ တပ် ရင်း တပ်ခွဲ ၃ -Special Task Force Ngazun၊ မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း တပ်ခွဲ ၂ -NZN FIGHT STARS နှင့် မြောင်မြို့နယ် နဘက်တိုက်နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။