ကွတ်ခိုင်မြို့ပေါ်တွင် မူးယစ်ဆေးဝါးရောင်းနေသူလေးဦးကို TNLA ဖမ်းဆီး(သတင်းတို)

Author ကေဇက်
Categories
Published on Mar 14, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၅)၌ ပြီးခဲ့သည့်မတ်လ(၁၀)ရက်နေ့က ပလောင်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ယူနီဖောင်းနှင့်ဆင်တူသည့် ပျောက်ကျားဘောင်းဘီဝတ်သူတစ်ဦးအပါအဝင် မူးယစ်ဆေးဝါးရောင်းချနေသူ ငါးဦးကို TNLA အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထုတ်ပြန်သည်။

မူးယစ်ဆေးဝါး ရောင်းချနေသော အသက်(၂၄)နှစ်ခန့်အရွယ် ကချင်လူမျိုး ကိုမာနော်နှင့် ၎င်း၏အပေါင်းအပါ လေးဦးကို  မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးအသုံးဆောင်ပစ္စည်းများ၊ လက်နက်ပစ္စည်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လတ်တလော ၎င်းတို့ကို TNLA အုပ်ချုပ်ရေးဌာနမှ ဖမ်းဆီးထိန်းသိမ်းထားပြီး PSLF/TNLA ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ – PSLF/TNLA