ရက် ၈၀၀ ကျော်ဆက်တိုက် လမ်းပေါ်ထွက်ဆန္ဒပြနေဆဲ ကလေးသပိတ်စစ်ကြောင်း

Author မယ်ဘယ်ကိုး
Categories
Published on Jan 30, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ ပြည်သူ့အာဏာပြန်လည်ရရှိရေးအတွက် နေ့စဉ်မပျက် လမ်းပေါ်ထွက်၍ ဆန္ဒပြထုတ်ဖော်နေဆဲဖြစ်ကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုဗိုက်ပူက CJ platform သို့ ပြောသည်။

 

ဆန္ဒပြရက် ၈၀ဝ ကျော်ရှိနေပြီဖြစ်သော်လည်း ကျောင်းသားသမဂ္ဂအဖွဲ့၊ အမျိုးသမီးများအဖွဲ့နှင့် CDM ဝန်ထမ်းအစုအဖွဲ့ စသဖြင့် ကဏ္ဍအသီးသီးမှ လူထုပါဝင်မှုအားကောင်းနေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

“နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ရဲ့ပါဝင်မှု၊ စိတ်အားထက်သန်မှုရှိမှ တကယ်လွတ်မယ့်သူ ကျွတ်မယ့်သူတွေရှိပါတယ်။ ဒါကြောင့် အယောက်ချင်းစီတိုင်းက နေသာသလိုမနေဘဲနဲ့ အချင်းချင်းအားပေးဖို့လိုတယ်” ဟု ၎င်းက မေတ္တာရပ်ခံပြောကြားသည်။

 

ယခုကဲ့သို့ လူထုသပိတ်ပြုလုပ်ရာတွင် ငွေကြေးအခက်အခဲများ၊ ဆန္ဒပြသူများ၏ လုံခြုံများအတွက် အခက်အခဲများစွာကြုံတွေ့နေရသော်လည်း လက်နက်မဲ့တော်လှန်ရေးလမ်းစဉ်ဖြင့် အဆုံးထိတိုက်ပွဲဝင်မည်ဟု ကိုဗိုက်ပူက ကတိပြုသည်။

Related News

Depend on news