မိုးဗြဲမှာ စစ်ကောင်စီတပ်က သာသနာ့နယ်မြေမှာ တပ်စွဲထားပြီး အရပ်သား၁၀၀ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

Author ခေတ်နီ
Categories
Published on Sep 19, 2022

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က သာသနာ့နယ်မြေထဲမှာ ဝင်ရောက်တပ်စွဲထားပြီး အရပ်သား ၁၀၀ဦးခန့်ကိုလဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ မိုးဗြဲPDF ကသတင်းထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ ၁၉ရက်နေ့ မနက် ၁ နာရီအချိန်မှစတင်ပြီး မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ကာ စစ်ကြောင်း ၂ ကြောင်းဖြင့် မိုးဗြဲမြို့ထဲသို့ ဝင်ရောက်လာမှုကြောင့် ကရင်နီပူးပေါင်းအဖွဲ့များဖြစ်သော မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၁၁၀၇ တပ်ရင်း ဒီးမော့ဆို PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့တာပဲဖြစ်သည်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ တာဝေးပစ်လက်နက်ကြီးများ ၊တင့်ကားများဖြင့် ပစ်ကူပေးမှုများရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အသေးစိတ်ကိုမသိရှိရသေးပဲ ကရင်နီပူးပေါင်းအဖွဲ့များဘက်က ၂ဦးကျဆုံးကာ တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။

ဒါ့ပြင့် စစ်ကောင်စီများဟာ မိုးဗြဲမြို့ စက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားပြီး အရပ်သားပြည်သူ၁၀၀ ခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့လည်း မိုးဗြဲPDF၏ထုတ်ပြန်တွင် ပါရှိသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နှင့်တ ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျှက်ရှိနေတာကြောင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေထိုင်ပေးကြပါရန်နှင့် မိုးဗြဲလမ်းကို အသုံးမပြုကြသေးပါရန်လည်း မိုးဗြဲPDFက မေတ္တာရပ်ခံထားသည်။