စစ်ကောင်စီသည် ၎င်းတို့၏ နယ်စပ်စခန်း မြောက်များစွာ စွန့်လွှတ်ထားရပြီဖြစ် ကြောင်း AAထုတ်ပြန်
ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီသည် ၎င်းတို့၏ နယ်စပ်စခန်းမြောက်များစွာ စွန့်လွှတ်ထားရပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာ ၁၈ရက်တွင်ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ရက္ခိုင် ဘင်္ဂလားနယ်စပ်ရှိ မိုင်တိုင် ၄၀အနီးရှိစခန်းကို တစ်လနီးပါး ဖြတ်တောက်ပိတ်ဆို့ကာ သြဂုတ်၃၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စက်တင်ဘာ ၁၀ရက်တွင် ခမရ ၃၅၂တပ်ရင်းစခန်းကုန်းကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး သံတောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်က ၃လ ကျော်ဖြတ်တော်ကာ ၎င်းတံတောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်မှ ယခုအချိန်တွင် သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီက ၎င်းတို့၏ နယ်စပ်ရှိ စခန်းမြောက်များစွာ စွမ့်လွှတ်ထားရပြီဖြစ်ကြောင်းဖော်ပြထားသည်။
ထို့ပြင် အိန္ဒိယ ဘင်္ဂလား သုံးနိုင်ငံနယ်စပ်ရှိ မြိတ်ဝစခန်းအပါအဝင် နောက်ထပ်စခန်းအချို့ကိုလည်း AAက ဖြတ်တောက်ပိတ်ဆို့ထားကြောင်းသိရသည်။
ယင်းအပြင် ပလက်ဝမြို့နယ် နှမဒါရွာ၏ တောင်ဘက် ၂ကီလိုမီတာခန့်အကွာရှိ AAတပ်ဖွဲ့ဝင်များရှိသည့်နေရာသို့ စစ်ကောင်စီထိုးစစ်ဆင်နေသည်မှာ တစ်လနီးပါးကြာမြင့်နေပြီး တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားနေသည်ဟုထုတ်ပြန်ထားသည်။
အဆိုပါ နှမဒါရွာအနီးသို့ စစ်ကောင်စီသည် စက်တင်ဘာ ၁၈ရက်တွင် ဂျက်တိုက်လေယာဥ် သုံးစီး စစ်ရဟတ်ယာဥ် နှစ်စီးဖြင့် ၃နာရီခန့် တစ်လှည့်စီလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ မီးဝဗျူဟာနှင့်မြေပြင်မှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီသည် ယင်းနေရာကို လက်နက်ကြီးပစ်ကူ လေယာဥ်ပစ်ကူနှင့် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှု ၇ကြိမ်တိုင်ပြုလုပ်ခဲ့သော်လည်း AAတပ်ဖွဲ့ဝင်များက ရန်သူ့ထိုးစစ်ကိုကြံ့ကြံ့ခံတိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။