တစ်ပတ်အတွင်း ကရင်နီမှာ စစ်ကောင်စီတပ်သား၈၀ကျော်သေဆုံး

Author ခေတ်နီ
Categories
Published on Sep 15, 2022

ကရင်နီပြည်မှာ စက်တင်ဘာလ ဒုတိယအပတ်အတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား ၈၀ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်KNDF(ဗဟို)က ယနေ့မှာ ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ် နယ်စပ်ရှိ ဝါရီဆူဖလှိုင်မှ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် ကရင်နီတပ်မတော် (KA)၊ KNDF/B03၊ B11၊ Moebye PDF၊ Phekhon PDF၊ KRU နှင့် URF တို့မှ တိုက်ခိုက်ခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိများအပါအဝင် တပ်သား ၆၀ဦးခန့် သေဆုံးခဲ့တာပဲဖြစ်သည်။

အဆိုပါတိုက်ပွဲများအတွင်းမှာ စစ်ကောင်စီတပ်၏ လက်နက်ငယ် ၁၃လက်၊ လက်နက်ကြီးလက်နက်ငယ်ခဲယမ်းများ ဆက်သွယ်ရေးစက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီးစစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှု ၁၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီးစစ်ကောင်စီတပ်၏ စစ်ကောင်စီတပ်၏လက်နက်ငယ် ၁၃ လက်နှင့် လက်နက်ကြီး လက်နက်ငယ် ခဲယမ်းအများအပြားကိုလဲ ပူးပေါင်းအဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့ပါသေးသည်။

ထို့အပြင့် စက်တင်ဘာ ၈ရက်မှ ၁၄ရက်တာအတွင်းမှာပဲ ကရင်နီပြည်အတွင်းက လွိုင်ကော် ၊ဒီမော့ဆို၊ဖရူဆိုမြို့နယ်များအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းအဖွဲ့များကြားတိုက်ပွဲ ၈ကြိမ်ခန့်ထပ်မံဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၂၀ကျော်ထပ်မံသေဆုံးခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်းမှ စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် မိုးဗြဲမြို့ပေါ်က နေအိမ်အလုံး ၁၀၀ နီးပါး ပျက်စီးခဲ့ကာအရပ်သား ၁ဦးလဲသေဆုံးခဲ့ပြီး ၁ပတ်တာတိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းအဖွဲ့များဘက်က တပ်သား ၃ဦးကျဆုံးခဲ့ကာ ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။