တော်လှန်နှစ်သစ်အဖွင့်နဲ့ ဆန္ဒထုတ်ဖော်ခဲ့သည့် ဆားလင်းကြီးသပိတ်စစ်ကြောင်း

Author လင်းနွေဦး
Categories
  • Photo News
Published on Jan 01, 2024

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် “စစ်ခွေးထွက်ပြေး 2024” စာသားပါ ဘန်နာများကို ကိုင်ဆွဲကာ ယနေ့ ဇန်နဝါရီလ ၁ရက်နေ့ ညနေပိုင်းတွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ထံမှ သိရှိရသည်။

“အဆုံးထိတော်လှန် ပြည်သူ့အားမန်”၊ “စစ်ခွေးထွက်ပြေး 2024”၊“ပြည်သူ့ရင်ခွင် ခိုလှုံကြ” စသည့် ဘန်နာများ ကိုင်ဆောင်ကာ လှည့်လည် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး လှုပ်ရှားမှုသပိတ် လုံခြုံရေးအတွက် ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SPDF) မှ လိုက်ပါစောင့်ရှောက်ခဲ့ကြောင်း သိရသည်။

“တော်လှန်နှစ်သစ်မှာ အဖွင့်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကိုဆင်နွှဲပြီး ပုံပါစာသားနဲ့ မင်းအောင်လှိုင်ကို အရှိုက်ထိုးတဲ့ သဘောပါဗျ။”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း ပြန်ကြားရေး တာဝန်ခံမှ CJ Platform သို့ ပြောသည်။

နှစ်သစ်လူထုလှုပ်ရှားမှုအတွင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် စစ်ကြောင်းအပြင် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစု စစ်ကြောင်းပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း