အသက်ကိုဉာဏ်စောင့်ဆိုသည့် စေတနာစကားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခိုလှုံရန် TNLA မှ သတိပေး

Author CJ Platform
Categories
Published on Dec 18, 2023

တအာင်းတပ်မတော် TNLA မှ အသက်ကို ဉာဏ်စောင့်သဖြင့် စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံရန် ဒီဇင်ဘာ ၁၇ ရက် စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများ ပြင်ဆင်မှုများကို ဆက်တိုက်ပြုလုပ်လျက် ရှိနေသဖြင့် မိမိတို့ လှုပ်ရှားရာနေရာများနှင့် မိမိတို့သတ်မှတ်ထားသော စစ်ဆင်ရေးနယ်မြေများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေကြာင်း TNLA မှ ဆိုသည်။

 

စစ်ကောင်စီ၏ “ငါမသေ ငါ့စခန်းမကျစေရ” ဆိုသည့် ဆောင်ပုဒ်သည် ယခင် သမိုင်းအစဉ်အလာများတွင် ကျန်ရစ်ခဲ့ပြီးဖြစ်ကာ ယခုတွင် စစ်ကောင်စီတပ်သားများ အနေဖြင့် ငါ့အသက်ကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ဘယ်အချိန်လာယူမလဲဆိုသည့် စိုးရိမ်စိတ်များဖြင့် ခုခံစစ်ကို ရင်ဆိုင်နေရကြောင်း ဆိုထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ ရက်ပေါင်း ၅၀ ကျော်ကာလ အတွင်း စစ်ကောင်စီမှ တိုက်ပွဲအများစုတွင် မည်သည့်စစ်ကူအင်အားမျှ မပေးနိုင်တော့သည်ကို အတိုင်းသား မြင်တွေ့နေရပြီ ဖြစ်သဖြင့် စစ်ကောင်စီတပ်သားများ အသက်ကိုဉာဏ်စောင့် ဆိုသည့် ဆိုရိုးစကားအတိုင်း အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် စေတနာဖြင့် ထပ်မံတိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ဆန်မြို့အား စစ်ကောင်စီမှ ဒီဇင်ဘာ ၁၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ ၆ ရက်အကြာတွင် စစ်ကောင်စီ၏တပ်စခန်းကြီး၊ စခန်းငယ်များ လက်ဖက်ခြောက်စက်ရုံ ဌာနဆိုင်ရာရုံးများ နှင့် ရဲစခန်းများကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

 

ယင်းနမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်း သေဆုံးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် တွေ့ရှိရပြီး အရာရှိ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

တအောင်းတပ်မတော် TNLA ကမူ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ စစ်စခန်းအားလုံး သိမ်းပိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၆၀ ဦးကျော် သေဆုံးကာ စစ်သုံပန်း ၃၀ ဦး ဖမ်းဆီးရမိထားကြောင်း၊ စစ်ကောင်စီ၏  ဟောင်ဝစ်ဇာ အမြောက် (၄)လက် ၊လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။