“ပြည်သူများခေါင်းပြားအောင် အိပ်နိုင်ဖို့” ပြည်သူ့စစ်များအား အထူးကွန်မန်ဒိုသင်တန်းပေးနေဟု စစ်လော်ဘီများ ရေးသားနေ

Author လင်းနွေဦး
Categories
Published on Nov 02, 2023

ကန့်ဘလူနှင့် ကျွန်းလှ မြို့နယ် တို့တွင် စစ်ကောင်စီ၏ လက်အောက်ခံ ပြည့်သူ့စစ်အဖွဲ့ ဝင်များ အတွက် အထူးကွန်မန်ဒို တပ်သားသစ် သင်တန်းအား ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက် နေ့မှ စတင်ကာ ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့ အထိ စစ်ကောင်စီမှ ဦးစီးကာ သင်တန်းပေးခဲ့သည် ဟု စစ်ကောင်စီ အားထောက်ခံသည့် လော်ဘီ ချယ်နန်များ မှ ဖော်ပြသည်။

ယခုကဲ့သို့ စစ်ကောင်စီ ၏ ပြည့်သူ့စစ် သင်တန်း သတင်းနှင့် ပတ်သတ်၍ ဒေသခံတစ်ဦးအား CJ Platform မှ ဆက်သွယ် မေး​မြန်းခဲ့ရာတွင် ” စစ်ကောင်စီ က ရှေ့တန်းမှာ လူမလောက်လို့ အစားထိုး သေပေးမဲ့ ကောင်တွေကို သေနတ်ပေးလိုက်ပြီး EAO တွေ ဘက်ကို လက်နက်တွေသွားဖြည့်တင်းပေးချင် တာ နေပါလိမ့်မယ် “ဟု ကန့်ဘလူ ရှိ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးမှ ၎င်း ၏အမြင်အားပြောကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်း၌ အခြေခံစစ်သင်တန်းပင်လျှင် ၃ လ အနည်းဆုံး တက်ရောက် ရသော်လည်း ယခု စစ်ကောင်စီမှ ပြည့်သူ့စစ်များအားပေးအပ်သော အထူးကွန်မန်ဒို သင်တန်းမှာမူ ၁ လခွဲ ဝန်းကျင်သာ ကြာမြင့်ခဲ့သည်။

သင်တန်း ပေးအပ် ခဲ့ရသည့် ရည်ရွယ်ချက် မှာ “ပြည်သူများ ခေါင်းပြားအောင် အိပ်နိုင်ဖို့ ၊ တောင် သူများ လယ်ယာမြေစိုက်ပျိုးနိုင်ဖို့ ၊ ကလေးသူငယ်များ စာသင်ကြားနိုင်ရေးအတွက် အကြမ်းဖက် KIA နှင့် PDF များအား မြန်မာ့တပ်မတော် နှင့် ပူးပေါင်း၍ ချေမှုန်းအမြစ်ဖျက်ရန် ” ဟု ပြည်သူ့စစ်၏ လူမူကွန်ယက် ၌ ဖော်ပြခဲ့သည်။

စစ်ကောင်စီသည် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများအား ပြန်လည်ဖြည့်ဆည်းနိုင်ရန် စစ်သည်အင်အားစုဆောင်းမှုများ လုပ်ဆောင်နေသော်လည်း သာမန် အရပ်သားပြည်သူများမှာ စစ်တပ်အတွင်းသို့ ဝင်ရောက်မှု မရှိတော့ခြင်းကြောင့် ပြည်သူ့စစ်များ ပျူစောထီးများကို ဖွဲ့စည်းကာ အရံအင်အားစုဆောင်းနေလျှက်ရှိနေသည်။

ယမန်နေ့ နိုဝင်ဘာ ၁ ရက်နေ့ မနက်ပိုင်း၌လည်း ကွမ်းလုံ ဒေသရှိ ပြည့်သူ့ စစ် (၁၅) ဦး မှ လက်နက်ခဲယမ်းများ ယူဆောင်ကာ ညီနောင် သုံးဖွဲ့ ထံ လာရောက်လက်နက်ချ အလင်းဝင်ခဲ့ သည့် အပြင် စစ်ကောင်စီ၏ ခလရ(၁၃၄) တပ်ရင်း တစ်ခုလုံးသည်လည်း ညီနောင် သုံးဖွဲ့ထံ တွင် အလင်းဝင်ရောက်ခဲ့ သည် ။