ပိုလန်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ ဦးဆောင်နေ

Author အဂ္ဂ
Categories
Published on Oct 17, 2023

ပိုလန်နိုင်ငံရဲ့ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာ လက်ရှိအာဏရပါတီဖြစ်တဲ့ ဥပဒေနှင့် တရားမျှတမှုပါတီ ‘Law and Justice’ (PiS)က ပြိုင်ဘက်ကိုအသာရဖို့ လိုအပ်တဲ့ မဲအရေအတွက် နည်းပါးနေပေမယ့် ဦးဆောင်နေတယ်လို့ တနင်္လာနေ့မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မဲရလဒ်စာရင်းတွေအရ သိရပါတယ်။

Plastic News က ထုတ်ပြန်ခဲ့တဲ့ The IPSOS ရဲ့နောက်ဆုံးမဲရလဒ်တွေအရ အမျိုးသားရေးဝါဒီဖြစ်တဲ့ လက်ရှိအာဏာရပါတီ PiS က ၃၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး အဓိက အတိုက်အခံပါတီလည်းဖြစ်၊ လစ်ဘရယ်ပါတီလည်းဖြစ်တဲ့ Civic Coalition (KO)က ၃၁ ရာခိုင်နှုန်းနဲ့ ဒုတိယ ကပ်လိုက်နေပြီး ဗဟိုလက်ဝဲယိမ်းပါတီဖြစ်တဲ့ Third Way ပါတီက ၁၃ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာရှိနေပါတယ်။

သူတို့နောက်မှာတော့ New Left ပါတီက ၈ ဒသမ ၆ ရာခိုင်နှုန်းနဲ့ သူ့နောက်မှာတော့ လက်ဝဲအစွန်းရောက် Confederation ပါတီက ၆ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ပိုလန်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၁၅ ရက်နေ့က စတင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်တွင် ကက်သလစ်ဘာသာဝင် ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ ဂျာရိုစလော ကာဇက်စကီး ဦးဆောင်တဲ့ Law and Justice(PiS)ပါတီဟာ လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အဲ့ဒီနောက် ၂ နှစ်အကြာမှာတော့ လစ်ဘရယ် ဗဟိုဝါဒီ Civic Platform ပါတီက ၂၀၀၇ ခုနှစ်မှာ အာဏာရသွားပြီးနောက် ၂၀၁၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့တာပါ။

PiS ပါတီဟာ ၂၀၁၅ ခုနှစ်မှာ လွှတ်တော်နဲ့ သမ္မတရွေးကောက်ပွဲနှစ်ခုစလုံးမှာ ပြန်လည်အနိုင်ရရှိခဲ့ပြီး ဒုတိယအကြိမ်အာဏာ ပြန်လည်ရရှိထားတာမှာ လက်ရှိအချိန်အထိ ဖြစ်ပါတယ်။

အခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွေမှာလည်း အပြတ်အသတ် မဟုတ်သော်ငြား အတိုက်အခံပါတီတွေထက် မဲရလဒ် ပိုကောင်းနေပါတယ်။

ယခုနှစ် ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုဖြစ်တဲ့ အောက်တိုဘာ ၉ ရက်က မြို့တော်ဝါဆောမှာ အတိုက်အခံ ခေါင်းဆောင်တွေ ဦးဆောင်ပြီး လူသိန်းနဲ့ချီ ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

Ref: Poland’s ruling nationalists ahead in election but short of majority -late poll

Photo – PiSပါတီ ခေါင်းဆောင် Jaroslaw Kaczynski / REUTERS/Aleksandra Szmigiel