မူး(မုန်း)တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၂ ဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Oct 04, 2023

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ မူး(မုန်း)မြို့နယ် ငတိုးခင်ရွာကို စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU−ဗဟိုက ထုတ်ပြန်သည်။

ယခုနှစ် အောက်တိုဘာ(၂)ရက် ည ၉ နာရီ မိနစ်ခန့်က မူး(မုန်း)မြို့နယ်အတွင်း ရွှေဝါတွင်အခြေစိုက်သည့် စစ်ကောင်စီ၏ ခမရ−၃၀၇ တပ်များသည် လက်နက်ကြီး (၈) လုံးကို ပြည်သူလူထုများ နေထိုင်ရာကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ရာ ငတိုးခင်ကျေးရွာ အတွင်း လက်နက်ကြီး(၁)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။