လက်သုံးချောင်ထောင်ပြီး အောင်ပွဲခံခဲ့သည့် ဇော်မင်းထွန်း

Author မောင်ဒဂုံ
Categories
Published on Mar 09, 2023

 

ပီနန်း FC အသင်းတွင် ကစားနေသည့် မြန်မာအသင်းခေါင်းဆောင်ဟောင်း နောက်ခံလူ ဇော်မင်းထွန်းသည် ယမန်နေ့က ယှဥ်ပြိုင်ကစားခဲ့သည့် ခဲဒါ့ရှ် အသင်းနှင့် မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်၌ ပယ်နယ်တီ ဂိုးသွင်းယူအပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတ လက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့သည်။

ပြီးခဲ့သည့် နှစ်က လက်ရွေးစင် အသင်း ကစားသမား အဖြစ်မှ အနားယူကြောင်း ကြေညာခဲ့သည့် ဇော်မင်းထွန်းသည် မလေးရှား ကလပ် ပီနန်းအက်ဖ်စီ အသင်း၌ လက်ရှိ ပွဲထွက်ခွင့် အခိုင်အမာ ရထားသည့် ကစားသမားတစ်ဦး ဖြစ်သည်။

ယမန်နေ့က မလေးရှား FA Cup ရှုံးထွက် ပွဲစဥ်အဖြစ် ပီနန်းအသင်းနှင့် ခဲဒါ့ရှ် အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာတွင် အချိန်ပိုအပါအဝင် မိနစ် ၁၂၀ အတွင်း တစ်ဖက် နှစ်ဂိုးစီ သရေကျနေခဲ့၍ ပယ်နယ်တီ အဆုံးအဖြတ်ခံယူရန် ဖြစ်လာခဲ့သည်။

ပယ်နယ်တီ အဆုံးအဖြတ်၏ ပထမဆုံး ပယ်နယ်တီကို မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဇော်မင်းထွန်းက ကန်ခွင့်ရခဲ့ပြီး ဂိုးသမား၏ ဘယ်ဘက်ထောင့်သို့ အမှားအယွင်း မရှိ ကန်သွင်းယူခဲ့သည်။

ပယ်နယ်တီ ကန်သွင်း အပြီးတွင် နွေဦးတော်လှန်ရေး၏ စစ်အာဏာရှင် ဆန့်ကျင်ရေး သ ေ င်္ကတ ဖြစ်သည့် လက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့သည်။

အဆိုပါပွဲစဥ်တွင် ပီနန်းအသင်းက ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး နောက်တစ်ဆင့်တက်ခဲ့သည်။

အသင်းခေါင်းဆောင်း ဇော်မင်းထွန်း အပါအဝင် မြန်မာ့လက်ရွေးစင် အသင်း၏ အကောင်းဆုံး ကစားသမားများ ဖြစ်သည့် အောင်သူ၊ ကျော်ကိုကို၊ ကျော်ဇင်ထက် စသည့် လက်ရွေးစင် အများအပြားသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ရွေးစင် အဖြစ်ကိုယ်စားပြု ခြင်းကို ငြင်းပယ်ထားခဲ့ကြသည်။

အသင်း၏ နာမည်ကျော် ကစားသမားများ မပါဝင်သည့် မြန်မာ့လက်ရွေးစင်အသင်းသည် စစ်အာဏာသိမ်းပြီးနောက် ယှဥ်ပြိုင်ကစားသည့် ပွဲစဥ်များတွင် ဂျပန်အသင်းကို ဆယ်ဂိုးပြတ် ရှုံးနိမ့်မှု အပါအဝင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရှုံးပွဲများကို ကြုံတွေ့ထားသည်။
#CjPlatform #ဇော်မင်းထွန်း