၀န်ကြီးဌာနများအနေဖြင့် လုံခြုံရေးအစီအမံများ ထားရှိရန်လိုအပ်ပြီး၊ စစ်ရေးဆိုင်ရာကိစ္စများကို ပိုမို သတိထားရန် ပြည်ထောင်စု၀န်ကြီးချုပ် ပြောကြား

Author လင်းခိုင်
Categories
Published on Jan 26, 2023

 

၀န်ကြီးဌာနများအနေဖြင့် လုံခြုံရေး အစီအမံများ ထားရှိရန်လိုအပ်ပြီး၊ စစ်ရေးဆိုင်ရာကိစ္စများကို ပိုမိုသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ယနေ့ပြုလုပ်သည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်အုပ်စုက သွေးခွဲသပ်လျှိုဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေလို့ တော်လှန်ရေးအင်အားစုတွေအနေ နဲ့ လုံခြုံရေးအထူးသတိပြုဖို့ အလေးအနက် မှာလိုပါတယ်။ ၀န်ကြီးဌာနတွေမှာလည်း လုံခြုံရေးအစီအမံတွေ ထားရှိစေလိုပါတယ်။ အထူးသဖြင့် စစ်ရေးဆိုင်ရာ ကိစ္စတွေကို ပိုသတိရှိကြရပါမယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

ထို့အပြင် စစ်အုပ်စုအနေဖြင့် ပိုကြပ်တည်းလာသဖြင့် တော်လှန်ရေးအင်အားစုများ၏ လုံခြုံရေးအန္တရာယ်ကို ပိုပြီး ခြိမ်းခြောက် လေဖြစ်သည့်အတွက် အစိုးရအဖွဲ့များနှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ လုံခြုံရေးကို အထူးဂရုစိုက်ကြရန် ပြည်ထောင်စု၀န်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။

မကြာခင်ကာလတွင် စစ်အာဏာရှင်တော်လှန်ရေးသည် ၂ နှစ်ပြည်တော့မည်ဖြစ်ပြီး အောင်မြင်မှု အများအပြားရရှိခဲ့ကြောင်း၊ ၂ နှစ်တာကာလသည် လုပ်ငန်းများဆောင်ရွက်ရင်း ကုန်ဆုံးခဲ့သည်ကို မသိသာသော်လည်း စစ်ကောင်စီ၏ ရက်စက်ဖိနှိပ်မှုကို ခံစားနေရသည့် ပြည်သူများအတွက် ရှည်ကြာလွန်းကြောင်း၊ ထို့ကြောင့် နွေဦးတော်လှန်ရေး အမြန်ဆုံး ပြီးမြောက်အောင်မြင်စေရန် မဟာဗျူဟာများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ယင်းက ဆက်လက်ပြောကြားသည်။

တော်လှန်ရေးအောင်မြင်ရန် ဦးတည်ဆောင်ရွက်ရသလို တစ်ဖက်တွင်လည်း အောင်မြင်ပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများ အဆင်ပြေချောမွေ့စေရန်၊ ပြည်သူ့များ၏ ဘ၀ အခက်အခဲမရှိ လုံခြုံအဆင်ပြေစွာ နေထိုင်နိ်ုငရေးအတွက် အုတ်မြစ်များချထားရမည်ဖြစ်သည်ဟု ပြည်ထောင်စု၀န်ကြီး ချုပ်ကပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း