ပုလဲမြို့မရဲစခန်းနှင့် စုပေါင်းရုံးကို B.L.P.A မှာ ၈၀ မမ ၂၅ လုံးဖြင့် တိုက်ခိုက် စစ်ကောင်စီဘက်မှ အထိအခိုက်ရှိ

Author မွန်လေး
Categories
Published on Jan 25, 2023

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းနှင့် စုပေါင်းရုံးကို ကျားသစ်နက်တပ်မတော် (B.L.P.A) မှ ၈၀ မမ ၂၅လုံးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက်မှ အထိခိုက်ရှိနိုင်ကြောင်း သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ ပြောကြားသည်။

ဇန်နဝါရီ ၂၄ ရက် ညနေ ၆ နာရီခန့်တွင် B.L.P.A မှ တာဝေးပစ် ၈၀ မမ ၂၅လုံးနှင့် Rocket ၃ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရဲစခန်းမှာက ခွေး ၅၀ လောက်ရှိတယ်။ သူတို့ဘက်ကနေလဲ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူး။ ကျွန်တော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးတွေက သူတို့ စခန်းကို တည့်တည့်ကျတယ်။ ထိခိုက်မှု အများအပြားရှိနိုင်ပေမယ့် ဘယ်လောက် ထိခိုက်တယ် ဆိုတာတော့ အသေးစိတ်မသိရှိရသေးဘူး” ဟု သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

B.L.P.A ပုလဲမြို့မရဲစခန်းနှင့် စုပေါင်းရုံးကို ၁ နာရီခန့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး ၊ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်ကလည်း B.L.P.A မှ ပုလဲမြို့၊ ကန်ဒေါင့်နယ်မြေရဲစခန်းကို ၈၀ မမ အလုံး၁၀၀၊ ရော့ကတ် အလုံး ၃၀ တို့ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းလည်းသိရသည်။

ဓာတ်ပုံ- B.L.P.A
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ပုလဲမြို့မရဲစခန်း #စုပေါင်းရုံး #ကျားသစ်နက်တပ်မတော်