ရန်ကုန်ရှိ အခြေခံပညာကျောင်းများတွင် CCTV ကင်မရာ တပ်ရန်ဆိုကာ ကျောင်းသားများထံမှ ပိုက်ဆံကောက်

Author ကိုပေါက်
Categories
Published on Jan 25, 2023

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းအချို့မှာ CCTV ကင်မရာ တပ်ဆင်ရန်ဟုဆိုကာ ဆရာမများက
ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည်ဟု ကျောင်းသား မိဘများထံမှ သိရသည်။

ကျောင်းလုံခြုံရေး အတွက်ဆိုကာ ယခု ရက်ပိုင်းအတွင်း အခြေခံပညာကျောင်းများတွင် CCTV ကင်မရာများ တပ်ဆင်မှုများ ရှိနေပြီး ကုန်ကျစရိတ်အား ကျောင်းသားများထံမှငွေကြေး ကောက်ခံနေခြင်းဖြစ်သည်ဟု ကျောင်းသားမိဘတစ်ဦးက CJ Platform သို့ပြောသည်။

“တောင်ဒဂုံ အ. လ.က.(၄)မှာ CCTV တပ်ဖို့ ကျောင်းသားတစ်ယောက်ကို တစ်ထောင်ပေးရတယ် ကျောင်းလုံခြုံရေးကို အကြောင်းပြပြီးလုပ်စားတာ မထည့်မနေရ စနစ်”ဟု ပြောသည်။

အခြေခံ ပညာရေးဦးစီးဌာန လက်အောက်ရှိ ကျောင်းများတွင် CCTV ကင်မရာများ တပ်ဆင်ရန် ညွှန်ကြားထားခြင်း ရှိသော်လည်း ငွေကြေးကောက်ခံခြင်းကို ကျောင်းများတွင် မိမိသဘောဖြင့် ကောက်ခံနေခြင်းဖြစ်သည်ဟု CDM ပညာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

“ပြောရရင် လုံခြုံရေးအရ ကင်မရာတွေ တပ်ဆင်တာတော့ ပြောစရာမရှိဘူးပေါ့၊ သူတို့ဘာသာတပ်တာ၊ အဲ့ဒါကို ကျောင်းသားမိဘဆီက ကောက်ခွင့်မရှိဘူးလေ၊ မပေးဘဲနေရင်လည်း ကျောင်းသားကို ပြသနာရှာတာ ဖိအားပေးတာတွေ ရှိလာနိုင်တယ်”ဟု ရှင်းပြသည်။
ကျောင်းများတွင် တပ်ဆင်ထားပြီးဖြစ်သည့် CCTV မှတ်တမ်းများအား ၆လကြာသည်အထိ ထိမ်းသိန်းထားရန် ညွှန်ကြားချက်များလည်း ရှိထားပြီး လိုအပ်ပါက စစ်ကောင်စီလက်အောက်ခံ ထွေအုပ်နှင့် ရဲများမှ တောင်းယူ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း CDM ပညာရေးဝန်ထမ်းများ ထံမှ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရန်ကုန် #စာသင်ကျောင်း #CCTV