လက်လုပ်သေနတ်၊ စိန်ပြောင်းများဖြင့် စစ်ကောင်စီကို တွန်းလှန်နေသည့် မုံရွာသံမဏိတပ်ရင်း ကုန်ကြမ်းဖိုးများ လိုအပ်လျက်

Author လင်းခိုင်
Categories
Published on Jan 19, 2023

 

လက်လုပ်သေနတ်၊ စိန်ပြောင်းများဖြင့် စစ်ကောင်စီကို တွန်းလှန်နေသည့် Chindwin Myay Division (မုံရွာသံမဏိတပ်ရင်း-တပ်ခွဲ ၇) ကုန်ကြမ်းဖိုးများ လိုအပ်နေကြောင်းယင်းအဖွဲ့၏ တပ်ခွဲမှူး ဗိုလ်နွေဦးက CJ Platform သို့ပြောကြားသည်။

“တော်လှန်ရေးမှာ အဆင်မပြေနိုင်ဘူးဆိုတာ သိတယ်။ ပစ္စည်းဖိုး သိန်း ၄၀ လောက်အရေးတကြီးလိုအပ်နေပါတယ်” ဟု ဗိုလ်နွေဦးက ပြောကြားသည်။

Chindwin Myay Division(မုံရွာသံမဏိတပ်ရင်း-တပ်ခွဲ ၇) သည် ယင်းမာပင်မြို့အခြေစိုက် တော်လှန်ရေး အဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်များကို လက်လုပ်သေနတ်များ၊ မိုင်းများဖြင့် တိုက်ခိုက်နေရသည့်အတွက် ရေရှည်တော်လှန်ရန် အခက်အခဲများလည်းရှိနေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“အခက်အခဲတွေအများကြီးရှိတယ်။ မိုင်းကနေ လက်လုပ် ၆၀ မမတွေနဲ့ ခုခံနေရတယ်။ အချို့အဖွဲ့တွေက မောင်းပြန် သေနတ်တွေနဲ့ ပွဲတွေကနေပေမယ့်။ ကျွန်တော်တို့အဖွဲ့က အခုထိလက်လုပ် သေနတ်တွေနဲ့ပဲ ပွဲကနိုင်သေးတယ်” ဟု ဗိုလ်နွေဦးက ပြောကြားသည်။

ထိုကဲ့သို့ အခက်အခဲများ ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် Chindwin Myay Division(မုံရွာသံမဏိတပ်ရင်း-တပ်ခွဲ ၇)သို့ လှူဒါန်းမှူးများပြုလုပ်ပေးရန် ဗိုလ်နွေဦးက တိုက်တွန်းပြောကြားသည်။
ဓာတ်ပုံ – Chindwin Myay Division
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ယင်းမာပင် #ဗိုလ်နွေဦး