အင်းတော်တွင် ရွေးကောက်ပွဲကော်မရှင်ရုံး သတိပေးဖောက်ခွဲခံရ

Author ခေတ်နီ
Categories
Published on Jan 18, 2023

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်ရုံးကို မြို့ပြပြောက်ကျားအဖွဲ့မှ သတိပေးဖောက်ခွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းမှာ မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုသည် မြိုုပြပြောက်ကျားအဖွဲ့၏ သတိပေး ခြောက်လှန့် ပစ်ခတ်တစ်ခုသာ ဖြစ်ပေမယ့် စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အင်းတော် သင်္ချိုင်းကုန်းဘက်ကို လက်နက်ကြီးကျည်၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အင်းတော်မြို့ စျေးအရှေ့ပေါက်ကိုလည်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ၃ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“လုပ်တာကတော့ ပြောက်ကျားအဖွဲ့ကပဲ လုပ်တာ ရုံးထဲကိုပစ်ထည့်တာပေါ့ ဘာမှထိခိုက်မှုတော့မရှိပါဘူး သတိပေးခြောက်လှန့်ရုံပဲဆိုတော့”ဟု မြို့ပြပြော်ကကျားအဖွဲ့များနှင့် ရင်းနှီးသည့် ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အင်းပတ်လမ်းမှာတွင် ပဲစိုက်နေသည့် အရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #အင်းတော်မြို့ #ရွေးကောက်ပွဲကော်မရှင်ရုံး