ဆားလင်းကြီး မြို့မရဲစခန်းနှင့် တရားရုံး လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အထိအခိုက်အသေဆုံး များပြားနိုင်

Author လင်းခိုင်
Categories
Published on Jan 17, 2023

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၊ ဆားလင်းကြီးမရဲစခန်းနှင့် မြို့နယ်တရားရုံး လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အထိအခိုက် အသေအဆုံးများပြားနိုင်ကြောင်း National Revolutionary Guards ၏ ဒုတပ်ရင်းမှူး ဗိုလ်သူရိန်က CJ Platform သို့ပြောကြားသည်။

“ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး အလုံး ၈၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တာပါ၊ ရဲစခန်းအတွင်းကို ၆လုံးကျတယ်။ တရားရုံးထဲကို ၅လုံးကျတယ်လို့ ဖရဲသီးက သတင်းပို့ထားပါတယ်” ဟု ဗိုလ်သူရိန်ကပြောကြားသည်။

ဆားလင်းကြီးမြို့နယ်အွင်း လှည့်လည်သောင်းကြမ်းနေသည့် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြို့မရဲစခန်းနှင့် မြို့နယ်တရားရုံးကို ဇန်နဝါရီ ၁၆ ရက် ည ၉ နာရီတွင် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သဖြင့် တစ်နာရီခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“ ညဘက် ၀င်ရောက်တိုက်ခိုက်ခဲ့တာဆိုတော့ အတိအကျတော့ ေ-ွးအသေအပျောက်ကို သေချာမသိရပေမယ့် သူတို့ တည့်တည့်ကို ကျတာဆိုတော့ အထိအခိုက်အကျအဆုံးရှိတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေပါဖြစ်ခဲ့တာ” ဟု ဗိုလ်သူရိန်က ပြောကြားသည်။

ဆားလင်းကြီး မြို့မရဲစခန်းနှင့် မြို့နယ်တရားရုံးကို တိုက်ခိုက်ခဲ့သည့် PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အထက်ပါစစ်ဆင်ရေးအား National Revolutionary Guards ၊တွေ့ရာသင်္ချိုင်းဓားမဆိုင်းတပ်တော်၊ B.E.D ငညို နှင့် တောသာကြီး အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗီဒီရို- National Revolutionary Guards
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဆားလင်းကြီး #မြို့မရဲစခန်း #လက်နက်ကြီး #တရားရုံး