နှစ်ဦးနှစ်ဖက် အထိအခိုက်များမည့် ကာလရှည်ဖြစ်သဖြင့် ပြည်သူများ သတိထားရန် ရန်ကုန် UG အသိပေး

Author မွန်လေး
Categories
Published on Jan 15, 2023

 

စစ်အခြေစိုက်စခန်းများ အပါအ၀င် လူဦးရေစာရင်းကောက်သည့် နေရာများတွင်ပါ တိုက်ပွဲငယ်များ ဖြစ်လာနိုင်ပြီး နှစ်ဦးနှစ်ဖက် အထိအခိုက်များမည့် ကာလရှည်ဖြစ်သဖြင့် ပြည်သူများသတိပြုရန် Urban Guerrilla YPDF မှ ဗိုလ်စစ်နိုင်က လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေး ပြောကြားထားသည်။

“မြို့ပြ အထူးသတိထားပါတော့၊ အချိန်မရွေး နေရာမရွေး အုံးနိုင်ပါတယ်။ စစ်ေ-ွးတွေအနီးရှောင်ပါ။ နှစ်ဦးနှစ်ဖက် လူ့ဖက်နဲ့ေ-ွးဖက် အထိအခိုက်များတော့မယ့် ကာလရှည်ဖြစ်ပါတယ်။ စစ်ေ-ွးအခြေစိုက်စခန်းတွေ ကင်းတွေ၊ ဂိတ်တွေတင်သာမက ရပ်ကွက်ထဲ စာရင်းကောက်တဲ့နေရာ တွေပါ တိုက်ပွဲငယ်များ ဖြစ်နိုင်ခြေရှိပါတယ်” ဟု ဗိုလ်စစ်နိုင်က ဆိုသည်။

လက်ရှိ အနေအထားတွင် UG များအနေဖြင့် ရှိသည့် လက်နက်များဖြင့် စစ်ကောင်စီကို ဟန့်တားရမည့် အခြေအနေဖြစ်ကြောင်း၊ တော်လှန်ရေးကာလ အစောပိုင်းထဲမှ သင်တန်းဆင်းပြီး မြို့ပြကို၀င်ခဲ့သည့် UG များသည် ပြသနာကို အလွယ်တကူ ကျော်လွှားနိုင်ခြေရှိသော်လည်း၊ မြို့ပြသို့ ယခုမှ ၀င်ရောက်လာသည့် ညီနောင်များသည် စစ်ကောင်စီတပ်များနှင့် ထိပ်တိုက်တွေ့နိုင်ခြေ အလွန်များနေကြောင်း ဗိုလ်စစ်နိုင်က သတိပေး ပြောကြားထားသည်။

စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ လူဦးစာရင်းအား ကောက်ယူနေခြင်းဖြစ်ပြီး ၊ ယင်းကဲ့သို့ ဆောင်ရွက်နေမှုကို ပြည်သူများမှ ပူးပေါင်းပါ၀င်ခြင်းမပြုရန် တော်လှန်ရေး အဖွဲ့အစည်းများမှ မေတ္တာရပ်ခံထားသည်။

လက်ရှိတွင်လည်း လူဦးရေစာရင်းကောက်ယူနေသည့် စစ်ကောင်စီအဖွဲ့များ၊ အုပ်ချုပ်ရေးမှူးများ၊ အစရှိသူတို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံ-လူမှုကွန်ယက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မြို့ပြပြောက်ကျား #UG #လူဦးရေစာရင်း