စစ်ကောင်စီမှ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား လိုင်စင်ထုတ်ပေးရန် ပြင်ဆင်နေ

Author စကားဝါ
Categories
Published on Jan 14, 2023

စစ်ကောင်စီမှ ပဲခူးတိုင်းအတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား လိုင်စင်ထုတ်ပေးရန် ပြင်ဆင်နေသည်ဟု မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့တွင် ဇန်နဝါရီလ ၂၃ရက်နေ့မှ စတင်ကာ ဖေဖေါ်ဝါရီလ ၂၃ရက်နေ့အထိ One Stop Service စနစ်ဖြင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား လိုင်စင်အသစ်ထုတ်ပေးခြင်း၊ ယာဉ်မောင်းလိုင်စင် အသစ်ထုတ်ပေးခြင်းနှင့် မော်တော်ဆိုင်ကယ် လိုင်စင်များ သက်တမ်းတိုးခြင်းကို လုပ်ဆောင်သွားမည်ဟု ကြေညာထားကြောင်း သိရသည်။

“သွေးစွန်းငွေလို့ ဆိုပေမယ့် လုပ်ကြမယ့်သူ တော်တော်များတယ်၊ အဓိက ဘီးကြီးတွေလုပ်ကြဖို့ အခုထဲက ပြင်ဆင်နေတာကြားတယ်၊ ဒီကောင်တွေက မထင်ရင် မထင်သလို တွေ့သမျှ ဆိုင်ကယ် အကုန်သိမ်းပြီးတော့ ဓားပြတိုက်တာ အဲ့လို သိမ်းသွားရင် လိုင်စင်နဲ့ဘီးဆို ပြန်ရွေးလို့ ရသေးတယ်၊ လိုင်စင်မရှိရင် သူတို့က ယူထားပြီး စီးတယ် စီးလို့ဝရင် ရောင်းစားတယ်လေ”ဟု ပဲခူးမြို့ရှိ ဆိုင်ကယ်ဝယ်ရောင်း ပွဲစားတစ်ဦးက ပြောသည်။

စစ်ကောင်စီဝင်ငွေရရှိရေးအတွက် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား လိုင်စင်ထုတ်ပေးရန် ပဲခူးတိုင်းတွင်သာမက အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ လိုင်စင်အသစ်များ ထုတ်ပေးရန် ပြင်ဆင်နေလျှက်ရှိကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဆိုင်ကယ် #လိုင်စင်