Pa O PDF (ခမ်းဒေါမ်) မှ ၈ လအတွင်း ဒရုန်းမစ်ရှင် အကြိမ် ၄၀ ကျော်ပြုလုပ်ရာခဲ့ရာ စစ်ကောင်စီတပ်သား ၁၀၀ ခန့် သေဆုံး

Author လင်းခိုင်
Categories
Published on Jan 13, 2023

 

ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်) PPDF-Kham မှ ၈ လအတွင်း ဒရုန်းမစ်ရှင် အကြိမ် ၄၀ ကျော်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သေဆုံးခဲ့ကြောင်း ယင်းတပ်ဖွဲ့၏ တပ်ဖွဲ့၀င်တစ်ဦးက CJ Platform သို့ ပြောကြားသည်။

“ကျွန်တော်တို့ တပ်က Drone Mission ပေါင်း ၄၀ ကျော်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ၅ လ ပိုင်း ကနေစတင်ပြီး ဆောင်ရွက်ခဲ့တာ၊ ခန့်မှန်းခြေ စစ်ကောင်စီ အင်အား ၁၀၀ ၀န်းကျင်လောက် သေဆုံးမှုရှိပါတယ်။ မစ်ရှင်တွေကို နေရာအစုံမှာ ဆောင်ရွက်ခဲ့တာဖြစ်တယ်” ဟု တပ်ဖွဲ့၀င်တစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ မစ်ရှင်များ ဆောင်ရွက်ခဲ့ရာတွင် PPDF-Kham မှ Drone နှစ်စင်းပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်းလည်း သိရသည်။

ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်) PPDF-Kham သည် မြေပြန့် ပအိုဝ်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး၊ သထုံဒေသတွင် တပ်နယ် ၁ နှင့် ဘားအံဒေသတွင် တပ်နယ် ၂ အဖြစ် သတ်မှတ်ကာ စစ်ရေးများဆောင်ရွက်နေကြောင်း သိရသည်။

ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်) PPDF-Khamသည် သက်ဆိုင်ရာ တပ်နယ်အလိုက် မိတ်ဖက်အဖွဲ့အစည်းများ၊ မဟာမိတ်များ၊ EROs များနှင့် လက်တွဲပြီး စစ်ရေးလှုပ်ရှားမှုများ ဖော်ဆောင်နေခြင်း ဖြစ်သည်။

PPDF-Kham ၏ Drone Team အနေဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းပြီး စစ်ဆင်ရေးများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း ပြည်ပမှ ကူညီထောက်ပံ့မှုများလည်း လိုအပ်လျက်ရှိသည်။
ဗီဒီရို- PPDF-Kham
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပအိုဝ်းPDF #ဒရုန်း