စစ်ကောင်စီ၏ ဒုစရိုက်နှိမ်နှင်းရေးခေါင်းဆောင်၊ ဒုရဲမှူးကို ရေးပျောက်ကြားတပ်ဖွဲ့မှ ရှင်းလင်း

Author လင်းခိုင်
Categories
Published on Jan 12, 2023

 

စစ်ကောင်စီ ရေးခရိုင်၊ ဒုစရိုက်နှိမ်နှင်းရေးခေါင်းဆောင်၊ ဒုရဲမှူး လှိုင်မင်းသန့်ကို YE-ရေးပျောက်ကြားတပ်ဖွဲ့ (YE Guerrilla Force) က ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ စောခေတ်သစ်က CJ Platform သို့ပြောကြားသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သုခရပ်ကွက်၊ အုန်းတော့ အစုတွင် ရေးခရိုင်၊ ဒုစရိုက်နှိမ်နှင့်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ကို ဇန်နဝါရီ ၁၁ ရက် ည၈နာရီ ၁၅ မိနစ်တွင် ရေးပျောက်ကြားတပ်ဖွဲ့က မိုင်းဖောက်ခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သူ့ကို အောင်သုခရပ်ကွက်၊ အုန်းတောအစုမှာ မိုင်းခွဲပြီးတော့ ရှင်းလင်းလိုက်တယ်။ လက်နက်တွေတော့ သိမ်းဆည်းရခြင်းမရှိပါဘူး။ သူရှင်းလင်းခံရပြီးတော့ အုန်းတောအစုပတ်၀န်းကျင်မှာ စစ်ကောင်စီတပ်တွေက ပတ်နေတယ်” ဟု စောခေတ်သစ်က ပြောကြားသည်။

ရှင်းလင်းခံခဲ့ရသည့် ဒုရဲမှူး လှိုင်မင်းသန့်သည် လက်နက်အားကိုးဖြင့် အနိုင်ကျင့် ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်း၊ ဗိုလ်ကျခြင်းများ လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ ရှင်းလင်းခြင်းဖြစ်ကြောင်း ရေးပျောက်ကြားတပ်ဖွဲ့မှ သိရသည်။

YE-ရေးပျောက်ကြားတပ်ဖွဲ့အနေဖြင့် ထပ်မံပြီး တော်လှန်ရေး အစီအစဉ်ကောင်းများကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကာ ပြည်သူများအနေဖြင့် တော်လှန်ရေးရဲဘော်များဖြင့် ပူးပေါင်းအားပေးပါ၀င်ကြရန် နှိုးဆော်ထားသည်။

YE-ရေးပျောက်ကြားတပ်ဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် နံနက် ၁နာရီ ခန့်တွင်လည်း လမိုင်းမြို့နယ်၊ နှစ်ကရင်ကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ- YE-ရေးပျောက်ကြားတပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မွန်ပြည်နယ် #ရေးမြို့ #ရေးပျောက်ကြားတပ်ဖွဲ့ #ဒုရဲမှူး