အထူးလေ့ကျင့်ထားသည့် ကွန်မန်ဒိုများမှ လင်းယုန်စစ်ဆင်ရေး အမည်ဖြင့် စစ်ဆင်ရေးများ ဖော်ဆောင် သွားမည်ဟု ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Jan 10, 2023

 

အထူးလေ့ကျင့်ထားသည့် ကွန်မန်ဒိုများမှ လင်းယုန်စစ်ဆင်ရေး အမည်ဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း Myanmar Defense Force က ထုတ်ပြန်ထားသည်။

“အထူး လေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတွေရဲ့ စနစ်တကျ ကြိုတင် ကင်းထောက်ထားတဲ့ ပစ်မှတ်ကို မိနစ်ပိုင်းအတွင်း ၀င်ရောက်စီးနင်း အပိုင်သိပ်တဲ့ မစ်ရှင်မျိုးတွေတောင်းတကြလားမသိ၊ ဒါမျိုးတွေကို ရုပ်ရှင်ထဲမှာ မဟုတ်ဘဲ တကယ့်လက်တွေ့လောကမှာ၊ မဟုတ်သေးဘူး မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးထဲမှာ မြင်တွေ့ရတော့မယ်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Myanmar Defense Force ၏ တပ်ရင်းတပ်ခွဲများထဲမှ လင်းယုန်ကဲ့သို့ မြန်ဆန်မှု၊ တိကျမှု၊ ပိုင်နိုင်မှုများကို ကိုယ်စားပြုပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ထားသည့် ကွန်မန်ဒို တပ်ရင်းမှ အထက်ပါကဲ့သို့ စစ်ဆင်ရေးများကို ဖော်ဆောင်သွားမည်ဟု ဆိုထားသည်။

ထိုကဲ့သို့ စစ်ဆင်ရေးများဖော်ဆောင်ရာတွင် “လင်းယုန် စစ်ဆင်ရေး” ဟု အမည်ပေးထားကာ ကြိုတင်ပြင်ဆင်ရန် လိုအပ်သည့် ဖြည့်တင်းမှုများအတွက် ပြုလုပ်မည့် “ ဖန်ဒရေးဇင်းဖော် လင်းယုန် အော်ပရေးရှင်း” ကိုလည်း မကြာခင်စတင်မည်ဟု Myanmar Defense Force က အသိပေးထားသည်။

ပြည်သူများ အနေဖြင့်လည်း “လင်းယုန် စစ်ဆင်ရေး” အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ရန် အတွက် ကူညီကြရန် Myanmar Defense Force ကနှိုးဆော်ထားသည်။

Myanmar Defense Force၏ အထူကွန်မန်ဒိုတပ်ရင်း ၊ အပတ်စဉ် ၁၂ သင်တန်းအား ရဲဘော် ၁၃၀ တက်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ကိုယ်ကာယကြံ့ခိုင်မှု၊ လက်နက်ကိုင်တွယ်၊ ပစ်ခတ်၊ တပ်ဆင်ခြင်းများ၊ ဒရုန်းဖောက်ခွဲရေး အခြေခံများ၊ ကင်းထောက်ခြင်း၊ ကိုယ်ယောင်ဖျောက်နည်းများ၊ ပြောက်ကျားစစ်ဆင်ရေး၏ အားသာချက်များနှင့် တပ်စည်းကမ်းနာခံခြင်းနှင့် မဟာမိတ်ဆိုင်ရာ လေစားလိုက်နာခြင်းများကို သင်ကြားခဲ့သည်။

ဓာတ်ပုံ – Myanmar Defense Force
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #လင်းယုန်စစ်ဆင်ရေး