ရေးမြို့နယ်၊ ထွေအုပ်ရုံးနှင့် ၀န်ထမ်းလိုင်းခန်းကို ရေးဘီးလူးအဖွဲ့မှ ၄၀ မမဖြင့် တိုက်ခိုက်

Author လင်းခိုင်
Categories
Published on Jan 06, 2023

 

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ထွေအုပ်ရုံးနှင့် ၀န်ထမ်းလိုင်းခန်းကို ၄၀ မမဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က CJ Platform သို့ ပြောသည်။

ယနေ့(ဇန်နဝါရီလ ၆ရက်နေ့) နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထွေအုပ်ရုံးနှင့် ၀န်ထမ်းလိုင်းခန်းအား ၄၀ မမဖြင့် လေးချက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ရေးမြို့နယ်မှာ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်မှုတွေကို ရပ်ဆိုင်းစေချင်တယ်။ ဒါပေမယ့် သူတို့ဘက်က မရပ်ဆိုင်းဘဲ လည်ပတ်မှု ပြုလုပ်နေအုန်းမယ်ဆိုရင်တော့ ဒီ့ထက် ထိရောက်တဲ့အရာတွေလုပ်ဆောင်သွားမယ်” ဟု ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ပြောကြားသည်။

လက်ရှိ ရေးမြို့နယ်တွင် ရေဘီးလူးအဖွဲ့မှ မြိုနယ် အနှံ့တပ်ဖြန့်ထားပြီး ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“ နေရာမရွေး၊ အချိန်မရွေး ရှင်းလင်းနိုင်တယ်။ အခုထွေအုပ်ရုံးကို ၄၀ လောက်နဲ့ပဲထုတာ၊ မရပ်ဆိုင်းရင် ဒီ့ထက်မက သက်ရောက်မှုတွေ အများကြီးရှိလာနိုင်တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်း ရဲစခန်းများ၊ စစ်ကောင်စီ တပ်ရင်းစခန်းများ၊ ဒလန်များနှင့် စစ်ကောင်စီ ထောက်တိုင်များကို တိုက်ခိုက်နေပြီး အင်အားကောင်းသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
ဓာတ်ပုံ-ရေးဘီလူး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မွန်ပြည်နယ် #ရေးမြို့နယ် #ထွေအုပ်ရုံး #ရေးဘီလူး