ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုများရှိနေ

Author ခေတ်နီ
Categories
Published on Jan 05, 2023

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲများတွင် နှစ်ဖက်ကျဆုံးထိခိုက်မှုများ ရှိနေကြောင်း ဒေသတွင်း စစ်ရေးရင်းမြစ်များထံမှ သိရသည်။

အင်းလေးဒေသအတွင်းရှိ သန်းတောင်နှင့် ဘုရားနီကျေးရွာကြားတွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားနေခဲ့တာပဲ ဖြစ်သည်။

“ပျူတွေ လမ်းပြပြီး ခေါ်လာတာကနေ တိုက်ပွဲဖြစ်တာ နှစ်ဖက်လုံးအကျတွေရှိတယ် စစ်တပ်ဖက်က နှစ်ဖက်ညှပ်ပြီးပိတ်ထားတော့ ဖောက်ထွက်လို့မရဖြစ်နေတာ တပ်ဖက်က အကျအတော်များတယ် အတိအကျက အကြီးပိုင်းတွေပဲသိတာ”ဟု CJ Platform ၏စစ်ရေးရင်းမြစ်က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၄၀ ဦးထက်မနည်း သေဆုံးထားပြီး ဒေသကာကွယ်ရေးတပ်ဘက်က တပ်ရင်းမှူးအပါအဝင် ငါးဦးထက်မနည်းကျဆုံးထားကြောင်း သတင်းများ ထွက်ပေါ်နေပေမယ့် အကျအဆုံးနှင့် ပတ်သက်၍ CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ထို့အပြင် တောင်ကြီး၊ အောင်ပန်း၊ ဆီဆိုင် မြို့နယ်များတွင်လည်း တိုက်ပွဲတချို့ဖြစ်ပွားခဲ့ပြီး ပြည်သူများအနေဖြင့် ဂရုစိုက်သွားလာကြဖို့ကိုလဲ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ သတိပေး တိုက်တွန်းထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရှမ်းပြည် #အင်းလေး