လွိုင်ကော်တွင် လက်နက်ကြီးထိမှန်ပြီး အရပ်သားနှစ်ဦးဒဏ်ရာရ

Author ခေတ်နီ
Categories
Published on Jan 03, 2023

 

ကရင်နီပြည် လွိုင်ကော်မြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် ချိကယ်အုပ်စုအနောက်ဖက်ခြမ်း ဒေါမူကလားကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၃ ရက် မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာပဲ ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် ကျည် ၄ လုံးအနက် ၂ လုံးမှာ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပဲဖြစ်သည်။

” ပစ်တာက ၄ လုံးပေါ့ ရွာထဲ၄ လုံးကျတယ် ပထမကျတဲ့အလုံးက ရွာထဲက အိမ်ပေါ်ကျတာ ထိတဲ့သူကိုလဲ ရွာသားတွေက သူတို့ဖာသာ ဆေးရုံခေါ်သွားကြတယ် နောက် ၁၁ နာရီလောက်ကျတဲ့အလုံးက ခြံထဲကျတာ အဲ့မှာအလုပ်လုပ်နေတဲ့ သူကိုထိသွားတာ ခြေသလုံးထိတာဆိုတော့ သိပ်တော့မစိုးရိမ်ရဘူး ဆေးရုံပို့ထားပေးတယ်”ဟု ရွှေလွိုင်ကော် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။

ထို့အပြင့် ယနေ့မနက်ပိုင်း ၁၀နာရီခန့် မှာလည်း လွိုင်ကော်မြို့နယ်တစ်နေရာမှပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သေးပြီး ထိုသို့ ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့အနီးအနားကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုရှိခဲ့ကြောင်း ပြောဆိုမှုများရှိနေပေမယ့် CJ Platform အနေဖြင့် သီးခြား အတည်ပြူနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဓာတ်ပုံ- ရွှေလွိုင်ကော်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကရင်နီပြည် #လွိုင်ကော်မြို့ #လက်နက်ကြီး #အရပ်သားထိခိုက်မှု