စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ် ညောင်ကန်ရွာမှ အရပ်သား၄ ဦးသေဆုံး

Author ခေတ်နီ
Categories
Published on Dec 26, 2022

မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး ကျည်ထိမှန် သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်မှ ယနေ့ ဒီဇင်ဘာလ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်
ခန့်မှာ တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်တာပဲ ဖြစ်သည်။

ထိုသို့ ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး နှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံး ပြီး ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၆ လုံး ခန့်ပျက်စီး သွားကြောင်းသိရသည်။

“ဒဏ်ရာ ပြင်းတဲ့သူတွေကိုတော့ ကျနော်တို့ အကုန်ဆေးရုံ ပို့ပေးထားတယ် ကျန်တဲ့ အခြေအနေတွေကတော့ ကျနော်တို့ ထုတ်ပြန်ထားပါသလိုပါပဲ ရွာကလူတွေကတော့ ကိုယ့်အိမ်ကိုပြန်ရမှာ ကြောက်နေကြတယ်၊ ရွာအတွက် ထောက်ပံ့ပေးဖို့ကိုလဲ မေတ္တာရပ်ခံ တောင်းဆိုပါတယ် “ဟု Viva La Revolution မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဆောမြို့ #ညောင်ကန်ရွာ #လေကြောင်းတိုက်ခိုက်မှု