စစ်ကိုင်းတိုင်းအတွင်းရှိ ကြက်ခြေနီများနှင့် မြို့ပေါ်ရှိ ပရဟတိ ဘုန်းကြီးများသည် စစ်ဘေးရှောင်များကို ကူညီမှုမရှိဟုဆို

Author လင်းခိုင်
Categories
Published on Dec 20, 2022

စစ်ကိုင်းတိုင်းအတွင်းရှိ ကြက်ခြေနီများနှင့် မြို့ပေါ်ရှိ ပရဟိတ ဘုန်းကြီးများသည် စစ်ဘေးရှောင်များကို ကူညီပေးမှုမရှိကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် ကိုရာဟု က CJ Platform သို့ပြောသည်။

“ စစ်ကိုင်းတိုင်းမှာရှိတဲ့ ကြက်ခြေနီတွေ၊ မြို့ပေါ်မှာရှိတဲ့ ပရဟိတဆိုတဲ့ ဘုန်ကြီးတွေ၊ လူတွေဟာ စစ်​ေ-ွးငြိုငြင်မှာ သိပ်ကြောက်ကြတာ၊ စစ်​ေ-ွးရဲ့ ကျွန်သဘောက်လို့ ဆိုရတော့မှာပဲ” ဟု ကိုရာဟုက ပြောသည်။

ယခုနှစ် ဧပြီမှ ဒီဇင်ဘာ ၁၇ ရက်အထိ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ အိမ်ခြေ ၈၄၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီ၏ တပ်နှင့် ရဲများက မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး၊ နေအိမ်ဆုံးရှုံးခဲ့သူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

“အခုလတ်တလော မီးဘေးသင့် အိမ်ထောင်စု ၃၀၀ ခန့် စောင်မလုံလောက်မှု ဖြစ်နေတယ်။ အများစျေးနဲ့ ၀ယ်ပြီး ခြုံစောင်ထူထူ တစ်ထည်စီ လှူဒါန်းချင်တယ်ဗျာ” ဟု ကိုရာဟုက ဆက်လက်ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် ကျေးရွာများသို့ အကြမ်းဖက်၀င်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကို အာဏာသိမ်းပြီးသည့်နောက် နေ့စဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်မှုကြောင့် မီးဘေးသင့်ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးရပြီး၊ ဆောင်းရာသီကာလ၌ အမိုးအကာဖြင့် မနေထိုင်ရခြင်း၊ ခြုံစရာဆောင်များမရှိခြင်းကြောင့် သေဆုံးခဲ့သူ များပင်ရှိသည်။

“စစ်သားတွေရွာထဲ ၀င်လာတာနဲ့ကျွန်မတို့တွေ ရတာလေးတွေယူပြီးပြေးရတာ၊ အခုဆောင်းတွင်းကာလ ဆိုတော့ နွေးနွေးထွေးထွေးနေဖို့မပြောနဲ့ ခြုံစရာဆောင်တောင်မရှိဘူး” ဟု စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တစ်ဦးက CJ Platform သို့ပြောသည်။

လက်ရှိ စစ်ကိုင်းမြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုရာဟုမှ ကျောထောက်နောက်ခံ မရှိသည့် အဖိုးအဖွားများကို တဲတစ်လုံး ငါးသောင်းကျပ် ပရောဂျက်ဖြင့် အိမ်ထောင်စု ၃၆ စုစာအတွက် ကူညီမှုများပြုလုပ်နိုင်ခဲ့သည်။

အညာဒေ စစ်ဘေးရှောင်များအနေဖြင့် လက်ရှိ နေထိုင်ရန်အခက်အခဲအပြင် အအေးဒဏ်ပါအံ့တုနေရသဖြင့် မိဘပြည်သူများက နီးစပ်ရာ စစ်ဘေးရှောင်ကူညီဆောင်ရွက်နေသူများကို လှူဒါန်းပေးရန် ကိုရာဟုက နှိုးဆော်ထားသည်။