နွေဦးတော်လှန်ရေးအင်အားစုများကို ကူညီမည့် Burma Act ပါဝင်သည့် NDAAအား ကန်အထက်လွှတ်တော် ထပ်မံအတည်ပြု

Author စကားဝါ
Categories
Published on Dec 16, 2022

မြန်မာ့ဒီမိုကရေစီအရေးကို အထောက်အပံ့ပြုမည့် Burma Act ပါဝင်သည့် အမေရိကန်ကာကွယ်ရေးဆိုင်ရာ ဥပဒေကြမ်း NDAA (National Defense Authorization Act) အား အမေရိကန် အထက်လွှတ်တော်မှ ထပ်မံအတည်ပြုပေးလိုက်ကြောင်း နိုင်ငံရေး သုတေသီ ဦးရဲမျိုးဟိန်းမှ သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

“Burma Act ပါဝင်တဲ့ NDAA (National Defense Authorization Act)ကို ခုနလေးတင်ပဲ အထက်လွှတ်တော် Senate က အတည်ပြုလိုက်ပြီး သမ္မတလက်မှတ်ထိုးဖို့ ပို့လိုက်ပါပြီ” ဟု ဝါရှင်တန်အခြေစိုက် Welson Center မှ နိုင်ငံရေးသုတေသီ ဦးရဲမျိုးဟိန်းက ရေးသားသည်။

NDAA ဥပဒေကြမ်းတွင် မြန်မာ့အရေးနှင့် ပက်သက်ပြီး မြန်မာနိုင်ငံရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အစည်းများအား နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းများနှင့် လက်နက်မဟုတ်သော နည်းပညာအထောက်အပံ့များအား ကူညီထောက်ပံ့ပေးသွားရန် ထည့်သွင်းထားကြောင်း သိရသည်။
ဓာတ်ပုံ – The Economic Times
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NDAA