မဲအိုးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ် ပြန်ဆုတ်ခွာချိန် ခြိမ်းခြောက်စာများ ရေးသားခဲ့

Author ခေတ်နီ
Categories
Published on Dec 12, 2022

 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ မဲအိုးကျေးရွာကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည်ထွက်ခွာချိန်တွင် ခြိမ်းခြောက်စာများ ရေးသားခဲ့ကြောင်း စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

မဲအိုးကျေးရွာကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး မီးရှို့မှုကြောင့် အဆိုပါကျေးရွာရှိ နေအိမ် ၁၀၉

နီးပါးပျက်စီးခဲ့ကာ သက်ကြီးရွယ်အို တစ်ဦးကိုလဲ မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။ စစ်ကြောင်း ပြန်လည်ထွက်ခွာချိန်တွင် ကျေးရွာအတွင်းရှိ ဝှိုက်ဘုတ်တစ်ခု ပေါ်တွင် “ပြာများများကျလေ ရွာမရှိတဲ့ တိုင်းဒေသကြီးမှာ နေရမည်”စသည့် ခြိမ်းခြောက်စာများကို ရေးသားသွားခဲ့တာပဲ ဖြစ်သည်။

“ဒီလထဲမှာတင် စစ်ရှောင်က ထောင်ချီနေပြီ တချို့စစ်ကြောင်းထွက်သွားတဲ့ရွာတွေမှာတော့ ဒေသခံတချို့က ပြန်ရှင်းပြီး နေနေရတာပေါ့လေ ဒါတွေကို ကျတော်တို့ စာရင်းကောက်ဖို့ လုပ်နေတယ်”ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ်အတွင်း ယခု ဒီဇင်ဘာလ အစမှာပင် ကျေးရွာ ၂၀ ခန့်ကို စစ်ကောင်စီတပ်မှ ဖျက်ဆီးခဲ့ပြီး ထို စစ်ကောင်စီတပ်များသည် ခမရ ၇၀၁ နှင့် ခမရ ၃၆၄မှဖြစ်ကြောင်းလဲ သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #စစ်ဘေးရှောင်