စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦးမှ Karen National Union Kyaukkyi အမည်ဖြင့် Facebook Page အမည်ဖြင့် ကရင်လူထုထံမှ ငွေလိမ်လည်နေ

Author လင်းခိုင်
Categories
Published on Dec 08, 2022

 

စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦးမှ Karen National Union Kyaukkyi အမည်ဖြင့် Facebook Page တစ်ခုဖြင့် ကရင်လူထုထံမှ ငွေလိမ်လည်မှုများပြုလုပ်နေကြောင်း KNU က ယနေ့တွင် ထုတ်ပြန်ထားသည်။

Karen National Union Kyaukkyi Page သည် KNU Page မှတင်ထားသည့် သတင်းများနှင့် ဓာတ်ပုံများကို ပြန်လည်ကူးယူပြီး ယင်းတင်ထားသတင်ယောင်ပြန်လည်တင်ပြကာ ပြည်သူလူထုစိတ်၀င်စားအောင်ပြုလုပ်ပြီး အလှူငွေများ ကောက်ခံနေခြင်းဖြစ်သည်။

အဆိုပါ Page Admin သည် ယင်းကိုယ်တိုင် KNU တပ်ရင်း ၇ မှ ဗိုလ်ဟု လည်းကောင်း၊ KNU၊ KNLA_PC မှ ဗိုလ်မှူးဟု လည်းကောင်း၊ အမည်အမျိုးမျို၊ မှတ်ပုံတင် အမျိုးမျိုးအသုံးပြုပြီး၊ လက်ရှိ စစ်ဘေးရှောင် တာ၀န်ခံဟုဆိုကာ အလှူရှင်များထံမှ Wave Acc နံပါတ်၊ NRC လက်ခံ ဖုန်းနံပါတ်များဖြင့် အလှူငွေများ ကောက်ခံလျက်ရှိသည်။

 

အဆိုပါ Page သို့ KNU မှ ဆက်သွယ်ပြီး ငွေလက်ခံတောင်းခံရာတွင် ပေးထားသည့် ဖုန်းနံပါတ်များကို Mytel Sim Card အသုံးပြုကာ စစ်ကောင်စီ တပ်သားတစ်ယောက် ဟန်ဆောင် ဆက်သွယ်ပြောဆိုရာ ယင်းသည် အပွင့်တင်ထားပြီးနောက် KNU တပ်မဟာ ၃ သို့ စစ်ဆင်ရေးထွက်နေသည့် ဗိုလ်တစ်ဦးဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း၊ အမည် တပ်နံပါတ်များ မေးမြန်းရန် ကြိုးစားသော်လည်း မေးချိန်မရခဲ့ကြောင်း၊ ယင်းဓာတ်ပုံရိုက်ပို့လိုက်သည့် မှတ်ပုံတင်တစ်ခု၏ Background တွင် စစ်ကောင်စီတပ်သားများ ၀တ်ဆင်သည့် ယူနီဖောင်း စစ်ဘောင်းဘီ ပုံရိပ်ကို ထင်ရှားစွာမြင်တွေ့ခဲ့ရကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် Karen National Union Kyaukkyi အမည်ဖြင့် Facebook Page မှ စစ်ဘေးရှောင်ကူညီ ကယ်ဆယ်ရေး-ဆောထိမြို့နယ် ဟူသော Facebook Page တစ်ခုကိုလဲ Share ထားပြီး ယင်း Facebook Page နှစ်ခုလုံးသည် စစ်ကောင်စီတပ်သားများ တည်ထောင်ထားသည့် Page ဖြစ်သည်ဟု KNU ကဆိုသည်။

ထို့ကြောင့် Karen National Union Kyaukkyi Page သည် KNU ကျောက်ကြီးမြို့နယ်အသိအမှတ်ပြု ထားသည့် Page မဟုတ်ကြောင်း၊ KNU အမည်ဖြင့် လိမ်လည်မှုများ ကြုံတွေ့နေရသဖြင့် Blue Mark ပါရှိသည့် Karen National Union Page သို့ဆက်သွယ်ပြီး မှ ကူညီလှူဒါန်းမှုများပြုလုပ်ရန် KNU ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ- KNU
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #KNU