အင်းတိန်ရွာသား အဘိုးအိုတစ်ဦး စစ်တပ်ကပစ်ခတ်လို့သေဆုံး

Author ခေတ်နီ
Categories
Published on Dec 08, 2022

 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အင်းတိန်ရွာသား အဘိုးအိုတစ်ဦးကို စစ်ကောင်စီတပ်မှ
ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Tigyaing Revolution – TR မှ သတင်းထုတ်ပြန်ထားသည်။

အင်းတိန်ရွာသားအသက် ၈၀ အရွယ် ဦးစိန်မောင်သည် ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဇီးသောင်ရွာသို့ အလည်ရောက်ရှိနေစဥ် သာယာကုန်းရွာမှ ထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းနှင့် ဇီးသောင် တံတားထိပ်တွင် ထိပ်တိုက်တိုးပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကာ ဖွဲပုံတွင် မြှုပ်ထားခဲ့ခြင်း ဖြစ်သည်။

“မနက်ပိုင်းကလို့ဘဲ သိရတယ် အချိန်အတိအကျမသိရဘူး သာယာကုန်းရွာဘက်ကနေ ထွက်လာသော စခ စစ်ကြောင်းနဲ့တိုးပြီးပစ်ခတ်ရတာပဲ”ဟု Tigyaing Revolution – TR မှတာဝန်ရှိသူတစ်ဦးမှCJ Platform သို့ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇီးသောင်ကျေးရွာကိုလည်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၈၀ခန့်မီးလောင်ပျက်စီးခဲ့သည်။
ဓာတ်ပုံ- Tigyaing Revolution
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့