စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရေး ပအဖ ၊ PDF ၊ LPDF များ ရပ်တည်နိုင်ရေး ရန်ပုံငွေထောက်ပံ့ မှု အရေးကြီးကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ပြောကြား

Author လင်းခိုင်
Categories
Published on Dec 08, 2022

 

စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရေး ပအဖ၊ PDF နှင့် LPDF များရပ်တည်နိုင်ရေး ရန်ပုံငွေ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောကြားသည်။

ယနေ့(ဒီဇင်ဘာ ၈ရက်) တွင်ပြုလုပ်သည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ကော်မတီဥက္ကဌ၊ ပြည်ထောင်စု၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်ဖြစ်သည်။

“အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးမှာ ပကဖ ၊ PDF ၊ LPDF များရဲက ရပ်တည်နိ်ုငရေးအတွက် ရန်ပုံငွေထောက်ပံ့မှုအပိုင်းက အရေးကြီးပါတယ်။ စိုးမိုးနယ်မြေများ အုပ်ချုပ်ရေး အခြေအနေများ၊ မြို့နယ်အလိုက် စနစ်တကျပြုစုထားဖိုလိုအပ်ပါတယ်။ မြေပြင်မှာ ဖွဲ့စည်းထားတဲ့ မြို့နယ် ပအဖများရဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှုကို သေချာစွာလေ့လာသုံးသပ်ကြရမှာလဲဖြစ်ပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

အုပ်ချုပ်မှုဖော်ဆောင်ရာတွင် နယ်မြေစိုးမိုးမှုသည် ပထမအဆင့်အရေးကြီးကြောင်း၊ စိုးမိုးနယ်မြေများ တည်ငြိမ်အေးချမ်းသည် ဒုတိယအဆင့်ဖြစ်ပြီး နယ်မြေတည်ငြိမ်မှသာ အုပ်ချုပ်ရေး ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ စစ်ကိုင်း၊ မကွေး ဒေသများသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်မှန်သည့် ခြေကုပ်များဖြစ်ကာ အခြေအနေမှန်သိရှိရန် အထူးလိုအပ်ပြီး သတင်းအချက်အလက်မှန်ကန်စွာ ရရှိနိုင်ရန် အားစိုက်ကြိုးစားပေးရန် ပြည်ထောင်စု ၀န်ကြီးချုပ်က အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။

ထို့ပြင် စစ်ကောင်စီက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ လာမည့်ရွေးကောက်ပွဲတွင် နေရာအနှံ့အပြားရွေးကောက်ပွဲကျင်းပနိုင်ရေး စိုးမိုးမှုများကို ဖိဖိစီးစီးဆောင်ရွက်သွားမည်ဟု ပြောကြားထားမှုရှိကြောင်း၊ ထို့ကြောင့် စိုးမိုးမှု အားကောင်းသည့် နေရာများတွင် စစ်ကောင်စီမှ ထိုးစစ်ဆင်တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာနိုင် သည်ကိုတွေ့ရကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ကပြောကြားသည်။

ဆက်လက်ပြီး စစ်အာဏာသိမ်းမှုကြောင့် ပြိုလဲပျက်စီးသွားသည့် အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် အများပြည်သူ ၀န်ဆောင်မှု ယန္တရား ပြန်လည်ထူထောင်ရန်အတွက် ကြိုးစားပြီး စနစ်တကျ စီမံဆောင်ရွက်မှုကို ဆောင်ရွက်ခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ကပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန်းဝင်းခိုင်သန်း #ပြည်ထောင်စုဝန်ကြီးချုပ် #NUG