ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင် ထောင် ၃ နှစ်ချမှတ်ခံရ

Author ခူးဆယ်
Categories
Published on Dec 07, 2022

 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗဟိုကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သူ ကိုလင်းထက်နိုင်(ခ) ကိုဂျိမ်းစ်ကို စစ်ကောင်စီမှ ထောင်ဒဏ်၃ နှစ် ချမှတ်လိုက်ကြောင်း ၎င်း၏ ဇနီးဖြစ်သူမှ သူ(မ)၏ လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

ကိုလင်းထက်နိုင်(ခ) ကိုဂျိမ်းသည် ပြီးခဲ့သည့်ဇွန်လအတွင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံရကာ အင်းစိန်ထောင်တွင်းတရားရုံးကနေ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ် လိုက်တာပဲဖြစ်သည်။

ကိုလင်းထက်နိုင်သည် ပြီးခဲ့သည့် ဇွန်လက ဗိုလ်တထောင်မြို့နယ် အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံခဲ့ရပြီးနောက်နိုဝင်ဘာလထဲမှာ ပုဒ်မ ၅၀ (ည)နဲ့ စစ်ကောင်စီမှ ထပ်မံ တရားစွဲဆိုခဲ့ကာ ယနေ့မှာ ပုဒ်မ ၅၀၅(က)အတွက် စစ်ကောင်စီ တရားရုံးမှထောင်ဒဏ် ၃နှစ် ချမှတ်လိုက်တာပဲ ဖြစ်သည်။

စစ်ကောင်စီမှ ထပ်မံတရားစွဲဆိုထားသည့် ပုဒ်မ၅၀(ည)သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြစ်ပြီး အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်သည့် ပုဒ်မတစ်ခုလဲ ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်ပေါက်ဝ ပေါက်ကွဲမှုအတွင်း ကိုလင်းထက်နိုင်၏မိခင် ဒေါ်ကြီးမြင့်လည်း ဆုံးပါးခဲ့ရပြီး စျာပနာကို သွားရောက်ရန် ကိုလင်းထက်နိုင်မှ အသနားခံစာတင်ခဲ့ပေမယ့် စစ်ကောင်စီမှ ပယ်ချခဲ့မှုလဲရှိခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကိုဂျိမ်း #ဗကသ