ပခုက္ကူတွင် အမျိုးသမီးတစ်ဦးအား PDFများအား ထောက်ပံ့သည်ဟု စွပ်စွဲကာ ရိုက်နှက်ဖမ်းဆီး

Author ကိုပေါက်
Categories
Published on Dec 03, 2022

 

ပခုက္ကူမြို့နယ် အမှတ် ၉ ရပ်ကွက် တန်ဆောင်တိုင်လမ်းတွင် ယမန်နေ့ ညနေပိုင်းက နိူင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးကို စစ်တပ်က ရိုက်နှက်ထိုးကြိတ်ကာ ဖမ်းဆီးခဲ့သည်ဟု
မြို့ခံတွေဆီက သိရသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအား ငွေကြေးထောက်ပံ့ပေးနေသည်ဟု စွပ်စွဲကာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးမှ CJ Platform ကို ပြောသည်။

“စစ်တပ်ရော ရဲတွေရော ရောက်လာတာ မျက်နှာလက်သီးနဲ့ထိုးတယ် လဲကျသွားတော့ မျက်နှာကို ဖြတ်ကန်တယ် ဖုန်းကို စစ်ပြီး ဆံပင်ဆွဲပြီး ထိုးတာ စိတ်ထဲမကောင်းတာ အင်အားအများကြီးနဲ့ လာဖမ်းတာ”ဟု ပြောပြသည်။

ဖမ်းဆီးခံရသူမှာ မဖြိုးဖြိုးမင်းမောင် ဖြစ်ပြီး စစ်ကောင်စီတပ်က ပခုက္ကူမြို့မရဲစခန်းကို ပို့ဆောင်ထားသည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“ရဲစခန်းရောက်တော့ စစ်သားတွေက ရိုက်ချင်ရင် ဓာတ်ပုံရိုက်ပြီးမှ ထပ်ရိုက်လို့ပြောတယ် ရိုက်လို့ဝမှ အမှုဖွင့်တဲ့”ဟုရှင်းပြသည်။

လက်ရှိအခြေအနေတွင် မဖြိုးဖြိုးမင်းမောင် ကို ပခုက္ကူမြို့မရဲစခန်းမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒပုဒ်မ-၅၀
(ည)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်ဟု မြို့ခံတွေဆီက သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပခုက္ကူမြို့ #အမျိုးသမီး #ရိုက်နှက်