ကမန်အမျိုးသားတိုးတက်ရေးပါတီရုံးတွင် လူတစ်ဦး ဓာတ်လိုက်သေဆုံး
                
                ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ကမန်အမျိုးသား တိုးတက်ရေးပါတီရုံး၌ မီးပြတ်၍ ပြန်လာစဉ် ဓါတ်ကြိုးကိုင်မိသူ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
လျှပ်စစ်မီးအမြဲတမ်း ပြတ်လေ့ရှိသော တာမွေမြို့နယ်တွင် ဒီဇင်ဘာ ၁ ရက် ညပိုင်းက မီးပြတ်၍ ပြန်လာစဉ်၌ မေတ္တာညွန့်ရပ်ကွက်၊ မြလေးရုံလမ်းရှိ ကမန်အမျိုးသားတိုးတက်ရေး ပါတီရုံးတွင် ညပိုင်း တစ်ဦးတည်းနေထိုင်သော အသက် ၆၂ နှစ် အရွယ် အမျိုးသားမှာ ဓါတ်လိုက်၍ သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းမှာ မီးပြတ်၍ ပြန်လာစဉ် ဓါတ်ကြိုးအား ကိုင်မိရာမှ ဓါတ်လိုက်သေဆုံခဲ့ခြင်းဖြစ်သည်။
ယန့မနက်၌ ရုံးသို့တာဝန်ရှိသူများ လာရောက်ရာမှ သေဆုံးလျက် တွေ့ရခြင်းဟု သိရသည်။
” ညက မီးပြတ်ပြီး ပြန်လာချိန်မှာ ဓါတ်လိုက်သေဆုံးသွားတာပါ။ ပါတီရုံးမှာ ညပိုင်းတစ်ဦးတည်းနေရင်း ဓါတ်လိုက်တာပါ။ သေသူက အသက် ၆၂နှစ်အရွယ် အမျိုးသားပါ”ဟု သေဆုံးသူအလောင်းအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
သေဆုံးသူ၌ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အနံှ့ ဓါတ်လိုက်ဒဏ်ရာများ ရရှိခဲ့ကာ အလောင်းအား သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီးအမြဲတမ်း ပြတ်လေ့ရှိသော ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့၌ နိုဝင်ဘာ ၂၇ရက် ညပိုင်းက မီးပြတ်၍ ဖယောင်းတိုင်ထွန်းကာ စာကျက်သည့် အသက် ၁၂ နှစ်အရွယ် ကျောင်းသားတစ်ဦး မီးလောင်၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ- မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရန်ကုန်မြို့ #တာမွေမြို့နယ် #ဓာတ်လိုက်
