ကြက်ဥ ၆လုံး ကျပ်၁၀၀၀ဖြင့် နွယ်အေးဗလီက ရောင်းချပေးနေ

Author CJ Platform
Categories
Published on Aug 27, 2022

🖋ခေတ်နီ
ပြင်ပစျေးကွက်များအတွင်း ကြက်ဥတစ်လုံးလျှင် ၂၅၀ကျပ်အထိ စျေးနှုန်းမြင့်တက်လာချိန်တွင် ပြည်သူများ အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှိ နွယ်အေးဗလီမှ ကြက်ဥ ၆လုံးလျှင် ငွေ၁၀၀၀ကျပ်နှုန်းဖြင့် လူမျိုး ဘာသာမရွေး အခြေခံပြည်သူများကို ရောင်းချပေးနေကြောင်း သိရသည်။
ကုန်စျေးနှုန်းကြီးမြင့်လာမှုများကြောင့် စား၀တ်နေရေးခက်ခဲနေကြသည့် ပြည်သူများအတွက် ဒေါပုံမြိုနယ်ထဲက ရပ်ကွက်များထဲမှာ နွယ်အေးဗလီက လိုက်လံရောင်းချပေးနေတာပဲဖြစ်ပြီး တစ်နေ့လျှင် မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရောင်းချပေးပြီး တစ်နေ့ ကြက်ဥအလုံး ၅ ထောင်ခန့်ရောင်းချပေးနေတာပဲဖြစ်သည်။
ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာများပြားလာပြီး အောက်ဆီဂျင်ပြတ်လပ်ချိန်မှာလဲ နွယ်အေးဗလီဟာ အောက်ဆီဂျင်လှူဒါန်းမှုတွေ ပြုလုပ်ကူညီပေးခဲ့သည်။