နေပြည်တော်ကောင်စီနယ်မြေ ဗိုလ်ချုပ်ကြေးရုပ် ရဲကင်းတွင် ဗုံးပေါက် ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Dec 01, 2022

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ယာဥ်ထိန်းရဲကင်းတွင် ယနေ့ နံနက် ၇ နာရီက ဗုံးပေါက်ကွဲမှု့ဖြစ်ခဲ့ရာ ရဲတပ်ကြပ်တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်ကောင်စီတပ်မှ အရာရှိကြီးများ လမ်းကြောင်းရှိ၍ စစ်ကောင်စီတပ်နှင့် ရဲများ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် စောင့်ဆိုင်းနေစဥ် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ ရှိသည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ဗုံးကနှစ်လုံး တစ်လုံးပေါက်ပြီးတော့ ရဲတွေရော စစ်သားတွေရော ပြေးထွက်လာကြတာ ရဲတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ် သေမသေမသိဘူး နောက်တစ်လုံးက စစ်တပ် ဖောက်ခွဲလိုက်တယ်”ဟု ရှင်းပြသည်။

ထိခိုက်ဒဏ်ရာရရှိသူမှာ လုံခြုံရေးရဲတပ်ရင်းမှ ရဲတပ်ကြပ်စိုးမင်းဖြစ်ပြီး နေပြည်တော်ခုတင် ၁၀၀၀ဆေးရုံသို့ ပို့ဆောင်ထားကြောင်း နေပြည်တော်ဆေးရုံနှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိအခြေအနေတွင် လယ်ဝေးမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် စစ်ကောင်စီတပ်နှင့်ရဲများက ကားများနှင့်ဆိုင်
ကယ်များကို စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။

ဓာတ်ပုံ- လယ်ဝေးမြို့ ဗိုလ်ချုပ်ကြေးရုပ်တု (ပုံဟောင်း)
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နေပြည်တော် #ဗုံးပေါက်

Related News

Depend on news