မုံရွာ၌ ဆိုင်ကယ်စီးလာသူအား လူတစ်စုမှ ဦးခေါင်းအား တူဖြင့်ထုကာ ဆိုင်ကယ်လု၍ ထွက်ပြေးသွား
မုံရွာမြို့၌ ဆိုင်ကယ်စီးလာသူအား လူတစ်စုမှ ဦးခေါင်းအား တူဖြင့်ထုကာ ဆိုင်ကယ်လု၍ ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ရက် ညပိုင်းက မုံရွာမြို့၊ ကျောက္ကာလမ်းပေါ် ကာဗာတိုင်းပြည်ဆိုင်အနီး၌ ဆိုင်ကယ်စီးလာသော လူငယ်တစ်ဦးအား လူလေးဦးပါဝင်သော လူတစ်စုမှ အသင့်ယူဆောင်လာသော တူဖြင့် ဦးခေါင်းအား ထုကာ ဆိုင်ကယ်အား လုယက်၍ ထွက်ပြေးသွားကြောင်း သိရသည်။
ဆိုင်ကယ်လုယက်ခံရသူမှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် အမျိုးသားဖြစ်ကာ ဦးခေါင်းကွဲအက်ဒဏ်ရာ၊ လက်ကျိုး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်စီးလာတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်ကို လူလေးဦးက ဦးခေါင်းကို တူနဲ့ထုပြီး ဆိုင်ကယ်လုသွားတာ။ လူငယ်က ဦးခေါင်းကွဲဒဏ်ရာ၊ လက်ကျိုးဒဏ်ရာတွေ ရသွားပါတယ်။ သူစီးလာတဲ့ Click ဘီးကိုလည်း လုယက်သွားတယ်။ “ဟု ဒဏ်ရာရသူအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ (မုံရွာ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသူမှာ မုံရွာဆေးရုံကြီး၌ ဆေးကုသနေကာ လုယက်သူများအား စုံစမ်းနေကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခဲ့ကာ နိုင်ငံတစ်ဝန်း၌ လုယက်သတ်ဖြတ်မှု ဖြစ်စဉ်များ နေ့စဉ်နှင့် အမျှ ဖြစ်ပွားနေကြောင်း သိရသည်။
ဓာတ်ပုံ- မုံရွာ လူမှုကယ်ဆယ်ရေးအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မုံရွာမြို့ #လုယက်မှု