လူမဲ့သပိတ်အား လာရောက်ရှင်းလင်းသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး သုံးဦးသေဆုံး ဗိုလ်မှူးတစ်ဦးပါ ပါဝင်ခဲ့ဟုဆို
လူမဲ့သပိတ်အား လာရောက်ရှင်းလင်းသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး သုံးဦးသေဆုံးခဲ့ကြောင်း People’s Defence Force Yenangyaung တာ၀န်ခံက CJ Platform သို့ပြောသည်။
ယနေ့(နို၀င်ဘာ ၂၇ ရက်) ံနက် ၅ နာရီခန့်တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက်နှင့် လက်မှတ်ကုန်းနယ်မြေကြားတွင် ငါ-ိုးမ စစ်တပ်လုံး၀အုပ်ချုပ်ခွင့်မရစေရ၊ စစ်တပ်လက်အောက်ဒူးမထောက် စသည့် စာတမ်းများ ချိတ်ဆွဲကာ လူမဲ့သပိတ် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
“အခုမနက် ငါးနာရီမှာ ညီနောက်နှစ်ဖွဲ့ ပူးပေါင်းပြီးတော့ လူမဲ့သပိတ်လုပ်ခဲ့တယ်။ လက်မှတ်ကုန်းနယ်မြေရဲစခန်နဲ့ တွင်းကုန်းရပ်ကွက်ကြားမှာ လုပ်ခဲ့တယ်။ လူမဲ့သပိတ်ကို လက်မှန်ကုန်းနယ်မြေက စစ်ကောင်စီတပ်တွေ လာရောက်ရှင်းတဲ့အချိန်၊ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ အတည်ပြုချက်အရတော့ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦးကျဆုံးခဲ့တယ်” ဟု People’s Defence Force Yenangyaung တာ၀န်ခံက CJ Platform သို့ပြောသည်။
ထိုကဲ့သို့ လူမဲ့သပိတ်လုပ်ဆောင်ထားသည့်နေရာကို စစ်ကောင်စီတပ်များက နံနက် ၅နာရီ မိနစ် ၃၀ ခန့်တွင် လာရောက်ရှင်းလင်းစဉ် PDF များက မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့သည်။
“မနက်ကပေါက်ကွဲသံကြားရတယ် သေတဲ့အထဲမှာ ဗိုလ်မှူးတစ်ဦး ပါတယ်လို့ကြားတယ်”ဟု ရေနံချောင်းဒေသခံတစ်ဦးက ပြောသည်။
ယခုပေါက်ကွဲမှု နေရာသည် ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက်နှင့် လက်မှန်ကုန်းနယ်မြေရဲစခန်းအကြားရှိ ရေနံမြေဧရိယာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတစ်ဝိုက်ရှိပြည်သူများကို စစ်ကောင်စီတပ်များက စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ယနေ့ပြုလုပ်ခဲ့သည့် လူမဲ့သပိတ်အား People’s Defence Force Yenangyaung နှင့် Hunter Dragon Group ညီနောင်များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-ရေနံချောင်းPDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မကွေးတိုင်း #ရေနံချောင်းမြို့ #လူမဲ့သပိတ်