သီပေါတွင် SSPPနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

Author ခေတ်နီ
Categories
Published on Nov 25, 2022

ရှမ်းပြည်နယ် သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSAတို့ ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိကု န်းသာကျေးရွာ နှင့် မုန်းလမ်းရွာ အနီးတွင် ယနေ့မနက်အစောပိုင်း ၁၀နာရီခန့် မှာ SSPP/SSAတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ်ခန့် ဖြစ်ပွားခဲ့တာ ဖြစ်သည်။

“ဟုတ်တယ်ဗျ မနက်အစောပိုင်းကဖြစ်တာ ကုန်းသာမှာ ကျတော်တို့တပ်တွေရှိနေချိန် တပ်က ဝင်လာပြီး ပစ်ခတ်မှုဖြစ်တယ် ပြီးတော့ကျတော်တို့တပ်တွေက မုန်းလမ်းကို ရှောင်ထွက်လာတော့ သူတို့လိုက်လာပြီး ထပ်ဖြစ်တယ် အခုတော့သူတို့ကရွာထဲမှာပေါ့” ဟု SSPPမှ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးစိုင်းဖုန်းဟန်က CJ Platformသို့ ပြောသည်။

ထိုထိတွေ့တိုက်ပွဲများအတွင်း နှစ်ဘက် ထိခိုက်မှုအခြေအနေကိုမူ မသိရှိရသေးကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်သည် ကျောက်မအခြေစိုက် ခလရ ၂၃မှ ဖြစ်နိုင်ကြောင်းလဲ ဗိုလ်မှူးစိုင်းဖုန်းဟန်မှ သုံးသပ် ပြောဆိုထားသည်။

ဓာတ်ပုံ- SSPP Info
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရှမ်းပြည်နယ် #သီပေါမြို့ #SSPP #တိုက်ပွဲဖြစ်