အမျိုးသမီးသေနတ်သမားကို ကလေးလေး ဦးရဲတင့်ဆိုတာ ကွီးပဲလို့ ဖြေမိသူ အငြိမ်းစားအရာခံဗိုလ် အပစ်ခံရပြီးေ-သ

Author ကိုပေါက်
Categories
Published on Nov 18, 2022

ပခုက္ကူမြို့နယ် အမှတ် ၁၁ ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်မှ အငြိမ်းစားအရာရှိတစ်ဦးကို အမည်မသိ အမျိုးသမီးသေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်သည့် ဦးရဲတင့်ကို ယနေ့ နံနက် ၉နာရီခန့်က အမည်မသိအမျိုးသမီးတစ်ဦးက နေအိမ်သို့ လာရောက်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“သူက တပ်ကထွက်ထားတာ ဗိုလ်ကြီးအဆင့်နဲ့တူတယ် သေချာတော့ မသိဘူး ၊ဒီမနက် ကောင်မလေးတွေက ဆိုင်ကယ်တွေနဲ့လာပြီး ဦးရဲတင့်အိမ်လားမေးတာ ကလေးလေး ဦးရဲတင့်ဆိုတာ ကွီးပဲဆိုပြီး သွားလိုက်တာ ဟိုက သေနတ်နဲ့ ခြောက်ချက်လောက်ပစ်သွားတာ သေသွားတယ်”ဟု ပြောသည်။

သေဆုံးသူမှာ တပ်မ ၁၀၁ မှ အရာခံဗိုလ်အဆင့်ဖြင့် အငြိမ်းစားယူထားသည့် ဦးရဲတင့်ဆိုသူဖြစ်ပြီး အပေါ်အပါးလိုက်စားတတ်သူ တစ်ဦးဖြစ်ကြောင်း ပခုက္ကူမြို့ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ဖွန်ကြောင်တော့ သေတာပေါ့ မိန်းကလေးဆိုပြီး အထင်သေးတာထက် နှာကျလို့ သေတာ၊ အမျိုးသမီး PDF ဖြစ်နိုင်တယ်၊ အခုအလောင်းကို ဆေးရုံပို့ထားတယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် ပခုက္ကူမြို့နယ် ၁၁ ရပ်ကွက်အတွင်းရှိ လမ်းများကို စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပခုက္ကူမြို့ #အမျိုးသမီးသေနတ်သမား #စစ်မှုထမ်းဟောင်း