မကွေးလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် သုံးကြိမ်အပစ်ခံရ၍ စစ်ကောင်စီက လုံခြုံရေးယူထား

Author ကိုပေါက်
Categories
Published on Nov 15, 2022

 

မကွေးမြို့ ဒဟတ်ကန်ကျေးရွာရှိ မကွေးလေတပ်စခန်းဌာနချုပ်ကို ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှော့တိုက်ဒုံးဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့၍ စစ်ကောင်စီတပ်က လုံခြုံရေးယူပေးထားရသည်ဟု မြို့ခံတွေဆီက သိရသည်။

မကွေးလေတပ်စခန်းဌာနချုပ်ကို ယနေ့နံနက် ခြောက်နာရီခွဲမှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်ပြေးလမ်းမြောက်ဘက်တွင်ပေါက်ကွဲခဲ့ပြီး လေယာဥ်ပစွည်းအချို့ ပျက်စီးဆုံးရှံးခဲ့သည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ဆယ်မိနစ်ပဲခြားတယ် သုံးကြိမ်ပစ်တာ လေယာဥ်ပြေးလမ်း ပစွည်းသိုလှောင်ရုံ အဝင်ဂိတ်တွေမှာ ကျပြီး ပေါက်ကွဲတယ် စစ်သားတွေက ဌာနချုပ်ထဲဝင်ပြေးတော့ လူတော့ထိခိုက်မှုမရှိဘူး ပစွည်းဆုံးရှုံးမှု့တော့ရှိတယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် မကွေးလေတပ်စခန်းဌာနချုပ်၌စစ်ကောင်စီတပ်များ အင်အားများပြားစွာ လုံခြုံရေးယူထားပြီး ကျေးရွာအတွင်း စစ်ဆေးမှုတွေရှိသည်ဟု ဒေသခံတွေဆီက သိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း မကွေးလေတပ်စခန်းဌာနချုပ်တွင်ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု့များဖြစ်ခဲ့ပြီး သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူများရှိသည်။

ဓာတ်ပုံ- Google

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #မကွေးလေတပ် #ရှော့တိုက်ဒုံးထိ