ထောက်ကြန့်မြို့ ပုလဲလမ်းဆုံတွင် ရိုဟင်ဂျာကိုးဦး ဖမ်းဆီးရခံ

Author ကိုပေါက်
Categories
Published on Nov 14, 2022

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ပုလဲလမ်းဆုံတွင် ယမန်နေ့ည ၇ နာရီခွဲက ရိုဟင်ဂျာကိုးဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ထောက်ကြန့်မြို့ သဃ်န်းကျွန်းကြီးကျေးရွာ ပုလဲလမ်းဆုံနှင့် ရခိုင်ကျောင်းမှတ်တိုင်အနီးတွင် ကားတစ်စီးပေါ်က ဆင်းလာသည့် ရိုဟင်ဂျာကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု ကျေးရွာနေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ညက ရခိုင်ကျောင်းနားက အမှိုက်ကန်နားမှာ သူတို့ကိုးဦးကို တွေ့တာ စစ်တပ်သတင်းပေးတွေက သူတို့ကို စကားပြောကြည့်တော့ မေးကြည့်တော့ ဘာမှမပြောတက်တာနဲ့ အုပ်ချုပ်ရေးက စစ်တပ်ကို အကြောင်းကြားလိုက်တာ”ဟု ပြောသည်။

ဖမ်းဆီးခံရသူ အမျိုးသားငါးဦးနှင့် အမျိုးသမီးလေးဦးမှာ မောင်တောမြို့မှ ရန်ကုန်သို့ လာရောက်ရာတွင် တစ်ဦးလျှင်၁၅ သိန်းကျပ်ပေးရသည်ဟု ထွက်ဆိုကြောင်း ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“ရန်ကုန်ကို ရောက်နေတာ ငါးရက်ရှိပြီ ၇ ယောက်က ကားနဲ့လာတာ ၂ ယောက်က လေယာဥ်နဲ့လာတာ ပုလဲလမ်းဆုံမှာ သူတို့ရှိလို့လာတာ ရခိုင်ကျောင်းမှတ်တိုင်မှာ စောင့်နေတုန်းဖမ်းမိသွားတာ”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် ဖမ်းဆီးရမိသော ရိုဟင်ဂျာကိုးဦးကို စစ်ကောင်စီတပ်တွေက မဂ်လာဒုံ မြို့မရဲစခန်းတွင် စစ်ဆေးနေပြီး လဝကဥပဒေဖြင့် တရားစွဲဆိုနိူင်ရန် ဆောင်ရွက်နေသည်ဟု လဝကနှင့်နီးစပ်သူတွေဆီက သိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ်အချို့မှာ ပြီးခဲ့သည့်လတွေက ရိုဟင်ဂျာ သုံးရာနီးပါးဖမ်းဆီးရမိခဲ့ပြီး မြို့နယ်အသီးသီးရှိ တရားရုံးများတွင် လဝကဥပဒေများဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဓာတ်ပုံ- CJ

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရိုဟင်ဂျာ #ရန်ကုန်မြို့ #ဖမ်းဆီးခံရ