ကြို့ပင်ကောက်မြို့နယ် သီချင်းလုဆိုရာမှ ဓားထိုးမှုဖြစ် တစ်ဦးသေ

Author ကိုပေါက်
Categories
Published on Nov 08, 2022

ကြို့ပင်ကောက်မြို့နယ် လှေတုန်းကျေးရွာတွင် ယနေ့ မနက်အစောပိုင်းက စပါးရိတ်သိမ်း ပျော်ပွဲစားပြုလုပ်စဉ် သီချင်းလုဆို စကားများကြရာ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

လှေတုန်းကျေးရွာတွင် ယနေ့ နံနက် ၃ နာရီခန့်က စပါးရိတ်သိမ်းပျော်ပွဲစားပြုလုပ်စဉ် သီချင်းလုဆိုရာမှ ရွာသားအချင်းချင်း စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ခဲ့သည်ဟု ဒေသခံတစ်ဦးက CJ Platform ကိုပြောသည်။

“ကိုမျိုးလွင်နဲ့ ကိုကျော်ခိုင်ဖြစ်တာ သီချင်းလုဆိုရာကနေ စကားများကြတာ ကိုကျော်ခိုင်ကို ကိုမျိုးလွင်က ဓားနဲ့ထိုးလိုက်တာ ပွဲချင်းပြီးသေတယ်”ဟု ပြောသည်။

ဓားထိုးမှု့ဖြစ်ပြီးနောက် သေဆုံးသူ ကိုကျော်ခိုင်ကို ကြို့ပင်ကောက်ရဲစခန်းမှ လူနာတင်ယာဥ်ဖြင့် မြို့နယ်ဆေးရုံကို ပို့ဆောင်ထားပြီး ပြစ်မှုကျူးလွန်သူကို ယနေ့ နံနက် ၉နာရီတွင် ဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

လက်ရှိအခြေအနေတွင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူ ကိုမျိုးလွင်ကို ကြို့ပင်ကောက်မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်နိူင်ရေးအတွက် စစ်ဆေးမေးမြန်းနေသည်ဟု မြို့ခံတွေဆီက သိရသည်။

ဓာတ်ပုံ- CJ

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform