စစ်မှုထမ်းပြီးသူတွေကို ပြည်ပအလုပ်ရှာပေးဖို့ စစ်အုပ်စုညွှန်ကြားချက် မဖြစ်နိုင်ဟုဆို ဒီမိုကရေစီနိုင်ငံတွေက အကြမ်းဖက်စစ်တပ်မှာ အမှုထမ်းခဲ့သူကို လက်မခံနိုင်

Author CJ Platform
Categories
Published on Apr 27, 2026

စစ်အုပ်စုက စစ်မှုထမ်းပြီးသူတွေကို ပြည်ပမှာ အလုပ်လုပ်နိုင်အောင် ပို့ပေးဖို့ အေဂျင်စီတွေကို မှာကြားထားပေမယ့် အလုပ်ရဖို့ လွယ်မှာမဟုတ်ဘူးလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေသူအချို့က ပြောပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) မှ တာဝန်ရှိသူ​တွေကို နေပြည်တော်မှာ အစည်းအဝေးခေါ်ပြီး စစ်မှုထမ်းပြီးသူတွေကို ပြည်ပစေလွှတ်ပေးဖို့ ပြောဆိုထားတာလို့ အေဂျင်စီဒါရိုက်တာအဖွဲ့ဝင်တွေက ဆိုပါတယ်။

 

“လွှတ်လိုက်​ပြီးနောက်ပိုင်း ဖြစ်လာမယ့် ကိစ္စရပ်တွေကို တာဝန်ယူပေးဖို့ ခက်တယ်။ အခုက ထွက်မှာက စစ်မှုထမ်းပြီးသူတွေပဲ ဖြစ်နေမှာလေ” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

 

ဒါ့ပြင် အကြမ်းဖက်စစ်တပ်မှာ ဝင်ရောက်အမှုထမ်းခဲ့တဲ့သူတွေကို တစ်ဖက်နိုင်ငံအစိုးရ၊ အလုပ်ရှင်တွေက လိုလိုလားလား လက်ခံ၊ မခံနဲ့ပတ်သက်ပြီး စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ အေဂျင်စီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

 

“လွှတ်လို့ရရင်တောင် ရောက်နှင့်ပြီးသူတွေနဲ့ သဟဇာတဖြစ်ဖို့က လွယ်မှာမဟုတ်ဘူး” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ နယ်ကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။

 

စစ်အုပ်စုရဲ့ အလုပ်သမားဝန်ကြီးဌာနက စစ်မှုထမ်းပြီးသူတွေကို ဂျပန်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေဆီ ပို့ပေးဖို့အတွက် ခေါ်ပြောထားတာဖြစ်ပြီး အဲဒီနိုင်ငံတွေဟာ မြန်မာအလုပ်သမားတွေ အများဆုံးသွားရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

 

ဒါ့ပြင် အဲဒီနိုင်ငံတွေဆီ ရောက်နှင့်နေကြသူအချို့ဟာ စစ်အုပ်စုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ ရှိပါတယ်။

 

အခုလို စစ်မှုထမ်းပြီးသူတွေကို ပြည်ပထွက်အလုပ်လုပ်နိုင်အောင် စစ်အုပ်စုက ပြင်ဆင်လာပေမယ့် အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း စစ်မှုမထမ်းရသေးတဲ့ အမျိုးသားတွေကိုတော့ ပြီးခဲ့တဲ့နှစ်ကတည်းက ပြည်ပထွက်လုပ်ခွင့် ပိတ်ထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

 

Related News

Depend on news