မုံရွာ နဂါးတွင်းရွာကို စစ်ကောင်စီတပ်က ဖျက်ဆီး

Author ခေတ်နီ
Categories
Published on Nov 04, 2022

 

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် နဂါးတွင်းရွာကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

မုံရွာမြို့(နမခ)မှ ထွက်လာသည့် စစ်ကောင်စီတပ်သည် တောပုရွာသို့ ရောက်ရှိပြီး နဂါးတွင်းကျေးရွာသို့ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးရှို့ခံရမှုကြောင့် ပျက်စီးသွားသည့်နေအိမ်အရေအတွက်ကို မသိရှိရသေးကြောင်းလဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းမှာပင် နေအိမ် ၁၅၀၀ကျော်ပျက်စီးခဲ့ကြောင်း NUG၏ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Related News

Depend on news