ကယန်းစစ်ဘေးရှောင်များသို့ အခြေခံပညာရေး CDM များ(ခေတ္တ ဘန်ကောက်) မှ ကျပ်သိန်း နှစ်ဆယ်ကျော်လှူဒါန်း

Author မွန်လေး
Categories
Published on Nov 01, 2022

ကယန်းစစ်ဘေးရှောင်များသို့ အခြေခံပညာရေး CDM များ (ခေတ္တ ဘန်ကောက်)မှ ကျပ်သိန်းနှစ်ဆယ်ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကယန်းသမီးပျိုများ စစ်ရှောင်ကူညီရေးအသင်းထံသို့ အခြေခံပညာရေး CDM များမှ အောက်တိုဘာ ၁၇ ရက်တွင် စုပေါင်းကောက်ခံရရှိသည့် ငွေကျပ် ၂၁သိန်းကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ အခက်အခဲများကြီးကြားမှာ လုပ်ကိုင်ဆောင်ရွက်ရတယ်။ ပွဲစားတွေရဲ့လိမ်လည်ခြင်းတွေကို ခံခဲ့ရပြီးတော့မှ အလုပ်အကိုင်ရရှိပြီး ချွေးနဲစာထဲကနေ စုပြီးတော့ ပြန်လည်လှူဒါန်းပေးတာ၊ အချို့တွေကြတော့ အလုပ်အကိုင်တွေရတယ်၊ အချို့ကြတော့ အခုထိအလုပ်မရှိသေးတဲ့ CDM အသိုင်းအဝိုင်းတွေလဲ ရှိနေသေးပါတယ်” ဟု အခြေခံပညာရေး CDM များ (ခေတ္တ ဘန်ကောက်) ဦးဆောင်သူမှ CJ Platform သို့ ပြောကြားသည်။

အခြေခံပညာရေး CDMများ(ခေတ္တဘန် ကောက် )မှဦးဆောင်ပြီး ဘန်ကောက်မြို့တွင် ရောက် ရှိကာ အလုပ်အကိုင်ရရှိထားသည့် CDM များထံမှ အလှူခံရရှိသည့် ငွေများဖြင့် ပြည်တွင်း စစ်ဘေးရှောင်များကို ပြန်လည် ကူညီပေးခြင်း ဖြစ်သည်။

ထို့ပြင် အခြေခံပညာရေး CDM များ (ခေတ္တ ဘန်ကောက်) အနေဖြင့် မကွေး၊ ကရင်နှင့် ကယန်းမှ CDM ဆရာ၊ ဆရာမများအပါအ၀င် လူ ၄၈ဦးကို တစ်ဦးလျှင် ၇၅၀၀၀ကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ် ၃၆ သိန်းအထိ ကူညီနိုင်ခဲ့ကြောင်းလည်းသိရသည်။