မြန်မာ့စစ်ရာဇဝတ်မှုစုံစမ်းရေး ကုလသမဂ္ဂအဖွဲ့ (IIMM) ရန်ပုံငွေ ဖြတ်တောက်ခံရ

Author CJ Platform
Categories
Published on Dec 05, 2025

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေကို အချက်အလက် စုဆောင်းနေတဲ့ ကုလသမဂ္ဂအဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာလွပ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဟာ အခုအခါမှာ ရန်ပုံငွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ။ ၂၀၂၆ ခုနှစ်အတွက် ဘတ်ဂျက်ငွေ ၁၅ ရာခိုင်နှုန်း ဖြတ်တောက်ခံရမယ့် အခြေအနေကြုံတွေ့နေရတယ်လို့ The New Humanitarian သတင်းဌာနက ဖော်ပြပါတယ်။

 

IIMM ဒု-အကြီးအကဲ Kaoru Okuizumi (ကာအိုရူ အိုကူအစ်ဇူမီ) က “ရန်ပုံငွေဖြတ်တောက်မှုကြောင့် ဝန်ထမ်း ၃ ပုံ ၁ ပုံလောက် (၂၇ ဦးခန့်) ကို လျှော့ချရနိုင်တယ်” လို့ The New Humanitarian ကို ပြောပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းတဲ့ ဌာနခွဲတချို့ ပိတ်သိမ်းရနိုင်ခြေ ရှိနေတာပါ။ “တရားမျှတမှုဆိုတာ ဈေးမပေါပါဘူး။ အရင်းအမြစ်နည်းရင် တရားစီရင်ရေးလည်း အားနည်းသွားမှာပဲ” လို့ သူက ဆိုပါတယ်။

 

 

Related News

Depend on news